Local News

ဈေးကွက်အာမခံချက်ရှိလာတာကြောင့် အစေ့ကြားကြက်ဆူ စိုက်ပျိုးရန်တောင်သူများ စိတ်ဝင်စားလာ

Last Updated:
ရွှေမန်း
        အခြားသီးနှံများထက် စီးပွားရေး တွက်ခြေကိုက်တာကြောင့် အစေ့ ကြား ကြက်ဆူကို စိုက်ပျိုးရန် တောင်သူများ  စိတ်ဝင်စားလာ ကြောင်း စမ်းသပ်စိုက်ပျိုးသည့် တောင်သူများထံက သိရသည်။ ယင်း အစေ့ကြားကြက်ဆူမှာ ယခင်မြန်မာနိုင်ငံမှာ စိုက်ပျိုးခဲ့သော ခြံစည်းရိုးကြက်ဆူနှင့် လုံး၀မတူဘဲ အထွက်နှုန်းမြင့်   Hybrid မျိုးဖြစ် သည်။ တစ်ဧကလျှင် အနည်းဆုံး တင်း ၆၀ ထွက်ရှိပြီး သွင်းအားစု နှင့် ပြုစုမှုကောင်းပါက တစ်ဧကလျှင် တင်း ၈၀မှ ၁၀၀အထိ ထွက်  ရှိနိုင်ကြောင်း တစ်ဧကလျှင် အကျိုး အမြတ် ငွေကျပ် ၂၄ သိန်းမှ သိန်း ၃၀အထိ ရရှိနိုင်ကြောင်း  Greenserve Agri Business Co.,ltd MD မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းထွန်းကပြောသည်။
      " ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှာ ကြက်ဆူ ဧက ၅၀၀မှ ၁၀၀၀ ကြား စမ်းသပ် စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေကို စိုက်ပျိုးလိုသလောက် မျိုးစေ့ ထောက်ပံ့ပေးပြီး ကြက်ဆူအသီး ရရှိချိန်တွင်လည်း ဈေးကွက်ပေါက် ဈေးအတိုင်း ဝယ်ယူဖို့ စာချုပ်ချုပ် ဆိုပေးသွားမှာပါ။ ဈေးကွက်အာမခံ ချက်ရှိလာတော့ တောင်သူတွေ အစေ့ကြား ကြက်ဆူစိုက်ပျိုးဖို့ စိတ် ဝင်စားလာကြပါတယ်´´ ဟု ၎င်းက ပြောသည်။
      အစေ့ကြားကြက်ဆူကို မိုးကောင်းသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး အစိုဓာတ်ကောင်းစွာ ရရှိနိုင်ရန် မေလမှ အောက်တိုဘာလအထိ စိုက်ပျိုးနိုင်သည်။ ပင်ကြား၊ တန်းကြား၊ သုံးပေ_ နှစ်ပေမှ လေးပေ_ငါးပေ စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ရေဓာတ်ကောင်းမွန်စွာ ရရှိရန်လိုအပ်သော်လည်း ပင်ခြေရေဝပ်ခြင်းကို မကြိုက်ပေ။ အပင်စိုက်ပျိုးသက်တမ်း ရက်ပေါင်း ၁၂၀မှ ၁၅၀ အထိ စိုက်ပျိုးရပြီး သွင်းအားစု သုံးစွဲမှုနှင့် အပင်ပြုစုမှု ကောင်းမွန်ပါက တင်း ၈၀ ခန့် အနည်းဆုံးထွက်ရှိပြီး လက်ရှိ တစ် တင်းလျှင် ငွေကျပ် သုံးသောင်းခန့် ပေါက်ဈေးရှိတာကြောင့် အခြား သီးနှံများထက် စီးပွားရေးတွက်ခြေကိုက်ကြောင်း သိရသည်။
Source: မကွေးဂျာနယ်
Category: Local News