International News

Pepsi သကြားပါဝင်မှု ထက်ဝက်ကျော်လျှော့ချ

Last Updated:

     Pepsi သည် ၎င်း၏ ဂန္တဝင် အချိုရည်တွင် သကြားပါဝင်မှု ၅၇%  လျှော့ချလိုက်ပြီး Pepsi သောက်သုံးသူများအား "ကျန်းမာသော ထုတ်ကုန်များ ပေးဆောင်ရန်" လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။  Pepsi သည် PepsiCo မှ ထုတ်လုပ်သော ကာဗွန်နိတ်အချိုရည်ဖြစ်ပြီး ၁၈၉၃ ခုနှစ်တွင် စတင်ခဲ့သည်။ Pepsi သည် ၎င်း၏ ဂန္တဝင်အချိုရည်၏ သကြားပါဝင်မှုကို ထက်ဝက်ကျော် လျှော့ချလိုက်သည်။ ယခုအခါ Pepsi တွင် ယခင်ကထက် သကြား ပါဝင်မှု ၅၇% လျော့နည်းသွားပြီဖြစ်သည်။ သကြားပါဝင်မှု အချိုးအစားအသစ်မှာ 100ml လျှင် ၄.၅၅ ဂရမ် ဖြစ်သည်။

   ဖော်မြူလာပြောင်းထားသော Pepsi အသစ်တွင် အချိုအရသာအတွက် acesulfame potassium နှင့် sucralose ရောနှောသုံးစွဲထားသည်ဟု PepsiCo က ကြေညာချက်တွင် ဖော်ပြထားသည်။ 330ml သတ္တုဘူးတွင် ယခင်က သကြား ၃၆ ဂရမ် ပါဝင်ပြီး ယခု ၁၅ ဂရမ်သာ ပါဝင်သည်။ 500ml ကော်ဘူးတွင် ယခင်က သကြား ၅၃.၂၅ ဂရမ် ပါဝင်ပြီး ယခု ၂၂.၇၅ ဂရမ်သာ ပါဝင်သည်။ ၂ လီတာကော်ဘူးတွင် ယခင်က သကြား ၂၁၃ ဂရမ် ပါဝင်ပြီး ယခု ၉၁ ဂရမ်သာ ပါဝင်သည်။ ဖော်မြူလာအသစ် Pepsi ကို မတ်လတွင် စူပါမားကက်များမှာ စတင်ပြီ ဖြစ်သော်လည်း စားသောက်ဆိုင်များ၊ ယမကာဆိုင်များတွင် ယခင်ဖော်မြူလာ Pepsi ကို ဆက်လက်ရောင်းချသည်။ PepsiCo က သကြားနည်းသော်လည်း လူအများမျှော်လင့်ထားသည့် မူလအရသာကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန် ကြိုးပမ်းအားထုတ်နေကြောင်း ပြောကြားပါသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News