International News

ထိုင်း ကော်ဖီအမေဇုံ ၂၀၂၃ တွင် ကမ္ဘာတစ်လွှား ဆိုင်များ ရာချီ တိုးဖွင့်မည်

Last Updated:

      ထိုင်းနိုင်ငံမှ PTT Oil and Retail Business (PTTOR) သည် ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ ၉၀၀ ဘတ်ဂျက် ရေးဆွဲထားပြီး ထက်ဝက်ကို Café Amazon ဆိုင်အသစ်များ ထိုင်းနှင့် ပြည်ပနိုင်ငံများတွင် တိုးချဲ့ဖွင့်လှစ်ရန်  ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ Café Amazon ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ  ဆိုင်ပေါင်း ၃,၉၀၀ ဖြင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကော်ဖီဆိုင်ခွဲအမှတ်တံဆိပ် ဖြစ်သည်။

      ထိုင်းနိုင်ငံ၏  PTT Oil and Retail Business (PTTOR) သည်  ၂၀၂၃ တွင် Café Amazon  ဆိုင်များ တိုးချဲ့ဖွင့်လှစ်ရန် ကန်ဒေါ်လာ ၄၁၂ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ PTT Oil and Retail Business (PTTOR) သည်  ၂၀၂၃ တွင် Café Amazon  ဆိုင် အသစ် ၄၀၀၊ PTT စက်သုံးဆီဆိုင်အသစ် ၁၂၂ နှင့် လျှပ်စစ်ကား အားသွင်းရုံ ၅၀၀ တိုးချဲ့ဖွင့်လှစ်ရန် လျာထားသည်။ PTTOR သည် ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ အိုမန်၊ ဖိလစ်ပိုင်၊ ဆော်ဒီအာရေးဗီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် Café Amazon ဆိုင်ခွဲပေါင်း ၃၅၀ ကျော်ကို ဖွင့်လှစ်ထားသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News