ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန် ရည်ရွယ်၍ စက်မှုဇုန်အသစ်တစ်ခုကို အရှေ့ဖက်စီးပွားရေးစင်္ကြံတွင် တည်ထောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ Industrial Estate Authority of Thailand (IEAT) က ပြောကြားခဲ့ပါသည်။
အရှေ့ဖက်စီးပွားရေးစင်္ကြံရှိ IEAT ပိုင်ဆိုင်သော စက်မှုဇုန်နေရာကို အသုံးပြုရန် မှန်းထားပါ ကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နောက်ကျနေသော ဆောင်ရွက်မှု ဖြစ်သော်လည်း ဘဏ္ဍာငွေနှင့် နည်းပညာထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု စက်မှုဝန်ကြီး H.E Akanat Promphan က ကတိပြုပြောကြားခဲ့ပါကြောင်း၊ စက်ရုံများ တည်ဆောက်ရန်အတွက် စက်မှု ဇုန်မြေနေရာဝယ်ယူခြင်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားစွာ လိုအပ်ပါကြောင်း၊ ယခု စက်မှုဇုန် အသစ်သည် ဘဏ္ဍာငွေကန့်သတ်ချက်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ ဇုန်အတွင်းရှိ Facility များကို သုံးခြင်းကြောင့် အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဈေးနှုန်းကုန်ကျစရိတ်မြင့်မားမည်ကို အစိုးရအနေ ဖြင့် မဖြစ်စေလိုကြောင်း၊ စက်မှုဇုန်တည်ဆောက်သူများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအကြား Facility အသုံးပြုမှုအတွက် သင့်လျော်သော ကုန်ကျစရိတ်ဖြစ်စေလိုကြောင်း IEAT ခေတ္တဥက္ကဋ္ဌ Mr. Sumet Thangprasert က ပြောကြားခဲ့ပါသည်။
အာဏာပိုင်အနေဖြင့် ၁၆ ပြည်နယ်ရှိ ၆၈ နေရာကို လွှမ်းခြုံသော ခိုင်မာသည့် စက်မှုဇုန်နေရာ ဖြစ်ရန် ဖန်တီးသွားမည်ဖြစ်ပြီး ဘတ် ၁၇ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ ပြည်သူ ၉၅၃,၆၃၀ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးကို မောင်းနှင်ရာတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေရင်းမြစ်များ ရစေလိုကြောင်း Mr. Sumet က ဖြည့်စွက်ပြောကြားခဲ့သည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၃ သန်းကျော်သည် အစိုးရတွင် မှတ်ပုံတင်ထား ပါကြောင်း၊ ပတ်ဝန်းကျင်သဟဇာတဖြစ်သော ထုတ်လုပ်မှုနှင့် ဒီဂျစ်တယ်နည်းပညာ မြင့်တင်နေချိန် တွင် စက်မှုဇုန်အသစ်၌ စီးပွားရေးတိုးချဲ့နိုင်မည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သည် အခွင့်အလမ်းကောင်းဖြစ်ပါကြောင်း အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုဘဏ် မန်နေးဂျင်း ဒါရိုက်တာ Mr. Pichit Mitrawong က သုံးသပ်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။