International News

တောင်ကိုရီးယားနိုင်ငံအစိုးရက ပို့ကုန်တင်ပို့နေသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကို ဝမ်ငွေ ၂၅ ဘီလီယံတန်ဖိုးရှိ အထောက်အပံ့ပေးမည့်အစီအစဉ် ဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမြှင့်တင်ရန်ရည်ရွယ်၍ ပို့ကုန်တင်ပို့နေသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ကို ဝမ်ငွေ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၃ သန်း) တန်ဖိုးရှိ အထောက်အပံ့များပေးမည့်အစီအစဉ် (Export Voucher program) ကို ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင် ဝန်ကြီးဌာနက ၆-၃-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ Export Voucher program အရ SMEs ကုမ္ပဏီအရေအတွက် ၃၀၀ အား ပို့ကုန်တင်ပို့မှုမြှင့်တင်ရေး အထောက်အပံ့များပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းအထောက်အပံ့များမှာ စီးပွားရေးဆိုင်ရာအကြံပေးဆွေးနွေးသည့်ဝန်ဆောင်မှုများပေးခြင်း၊ ကုန်စည်ပြပွဲ အမျိုးမျိုးတွင် ပါဝင်နိုင်‌ရေးအထောက်အပံ့များပေးခြင်းနှင့် နိုင်ငံတကာသို့ သင်္ဘောတင်ပို့ခြင်းအတွက် အထောက်အပံ့များပေးခြင်း စသည်တို့ဖြစ်ပါကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

၂၀၂၄ ခုနှစ်အတွင်းက Export Voucher program တွင်ပါဝင်ခဲ့သည့် ကိုရီးယား SMEs ကုမ္ပဏီများသည် ၎င်းတို့ရည်ရွယ်ထားသည့်ဈေးကွက်များသို့ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ တန်ဖိုးရှိ ပို့ကုန်များ တင်ပို့နိုင်ခဲ့ပါကြောင်း၊  မတည်ငြိမ်သောကုန်သွယ်မှုဆိုင်ရာအခြေအနေများ ကြုံတွေ့နေရသော်လည်း အလားအလာရှိသည့် SMEs များကို ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအဖြစ် အသွင်ပြောင်းပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အထောက်အပံ့များ ပိုမိုပေးအပ်သွားမည်ဖြစ်ပါ ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနရှိ အလယ်အလတ်စား ကုမ္ပဏီများ ဆိုင်ရာ မူဝါဒဌာန (Mid- sized Corporate Policy) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Park Duk-ryul က ပြော ကြားခဲ့ပါသည်။

 

Source: Korea Herald 6-3-2025 (https://www.koreaherald.com/article/10434935)

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

 

 

 

Category: International News