International News

ယူအေအီးနိုင်ငံအစိုးရအဖွဲ့မှ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သမိုင်းတွင် အကြီးမားဆုံးသော ပြည်ထောင်စုဘဏ္ဍာရေးရံပုံငွေကိုအတည်ပြုခဲ့

Last Updated:

ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအုပ်ချုပ်သူ H.H Sheikh Mohammed bin Rashid Al Maktoum မှ ဥက္ကဌအဖြစ်ဦးဆောင်သော ယူအေအီးနိုင်ငံအစိုးရအဖွဲ့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏အထွေထွေဘဏ္ဍာရေးရံပုံငွေအစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ် ပါသည်။

အဆိုပါဘဏ္ဍာရေးရံပုံငွေတွင် စုစုပေါင်း ၀င်ငွေ AED ၇၁.၅ ဘီလီယံနှင့် ခန့်မှန်းခြေအသုံးစရိတ်များ တွင် AED ၇၁.၅ ဘီလီယံပါဝင်ပြီး ဝင်ငွေနှင့် အသုံးစရိတ်များအကြား မျှတသောချဉ်းကပ်မှုကို ထိန်းကျောင်းထားရှိပါသည်။

ဤပြည်ထောင်စုဘဏ္ဍာရေးရံပုံငွေသည် ယူအေအီးနိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံးဖြစ်ပြီး၊ အမျိုး သားစီးပွားရေး၏ ကြံ့ခိုင်မှုနှင့် အဓိကဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့်လူမှုရေးစီမံကိန်းများကို ပံ့ပိုးပေးသွားမည့် အရင်းအမြစ်များ၏ရေရှည်တည်တံ့မှုများအပေါ် ဦးစားပေးဖော်ပြထားပြီး ၂၀၂၅ ဘဏ္ဍာရေးရံပုံငွေအတည်ပြုချက်သည် နှစ်ရှည်ဘဏ္ဍာရေးစီမံချက် (၂၀၂၂-၂၀၂၆) ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ဘဏ္ဍာရေးရံပုံငွေကို လူမှုဖွံ့ဖြိုးရေးနှင့်ပင်စင်စားများကဏ္ဍ၊ အစိုးရရေးရာကဏ္ဍ၊ အခြေခံ အဆောက်အအုံနှင့်စီးပွားရေးရေးရာကဏ္ဍများနှင့် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုကဏ္ဍများ အပါအဝင် အဓိကကဏ္ဍများတွင် အသီးသီးခွဲဝေပေးထားပါသည်။

စုစုပေါင်း ဘဏ္ဍာရေးရံပုံငွေ၏ ၃၉ % အားကိုယ်စားပြုသော AED ၂၇.၈၅၉ ဘီလီယံကိုလူမှုဖွံ့ဖြိုး ရေးနှင့်ပင်စင်စားကဏ္ဍများအတွက် ခွဲဝေချထားပေးထားပြီး အဆိုပါပမာဏတွင် AED ၁၀.၉၁၄ ဘီ လီယံ (၁၅.၃ %) ကို အများပြည်သူနှင့်အဆင့်မြင့်ပညာရေးအစီအစဉ်ကဏ္ဍများအတွက် ခွဲဝေချ ထားပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရပ်ရွာကြိုတင်ကာကွယ်ရေးဝန်ဆောင်မှုကဏ္ဍ များအတွက် AED ၅.၇၄၅ ဘီလီယံ (၈ %)၊ လူမှုရေးကိစ္စကဏ္ဍများအတွက် AED ၃.၇၄၄ ဘီလီယံ (၅.၂ %)၊ ပင်စင်လစာကဏ္ဍအတွက် ၅.၇၀၉ ဘီလီယံ (၈ %) နှင့် အများပြည်သူဝန်ဆောင်မှုကဏ္ဍ အတွက် AED ၁.၇၄၆ ဘီလီယံ (၂.၅ %) စသည်ဖြင့် အသီးသီးခွဲဝေချထားပေးထားပါသည်။

အစိုးရရေးရာကဏ္ဍတွင် AED ၂၅.၅၇၀ ဘီလီယံကို ခွဲဝေပေးထားပြီး စုစုပေါင်းဘဏ္ဍာရေးရံပုံငွေ၏ ၃၅.၇ % ရှိကာ အခြေခံအဆောက်အအုံနှင့်စီးပွားရေးကဏ္ဍတွင်စုစုပေါင်းဘဏ္ဍာရေးရံပုံငွေ၏ ၃.၆ % ကိုကိုယ်စားပြုသည့် AED ၂.၅၈၁ ဘီလီယံ နှင့် AED ၂.၈၆၄ ဘီလီယံ (၄ %) ကို ငွေကြေးရင်းနှီးမြှုပ် နှံမှုဆိုင်ရာကဏ္ဍအတွက် ခွဲဝေချထားပေးထားပါသည်။ ထို့အပြင် AED ၁၂.၆၂၄ ဘီလီယံ (၁၇.၇ %) ကို အခြားသောပြည်ထောင်စုအသုံးစရိတ်များအတွက် ဘေးဖယ်ချန်ထားကြောင်း သတင်းဌာနတွင် ဖော်ပြထားပါသည်။

Source:  Emirates News Agency

Economic Counsellor (Dubai)

 

Category: International News