International News

ဗီယက်နမ်နိုင်ငံသည် ကိုးလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံခန့် ရှိလာ

Last Updated:

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၅.၈၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်လကထက် ၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အကောက်ခွန်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း ဖော်ပြ ထားသည်။

အထူးသဖြင့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄.၀၅ ဘီလီယံရှိကာ ၉.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သွင်းကုန်တန်ဖိုးမှာ ၃၁.၇၆ ဘီလီယံရှိပြီး ၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ သို့သော်လည်း ဗီယက်နမ်သည် စက်တင်ဘာလတွင် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂.၂၉ ဘီလီယံ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ကိုးလတာ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်း သွင်းကုန် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇၈.၄၇ ဘီလီယံ ရှိပြီး ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် ၁၆.၃ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၉.၆၃ ဘီလီယံ ရှိကာ ၁၅.၄ ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန်အနေဖြင့် ၂၇၈.၈၄ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။ ကိုးလတာ ကာလအတွင်း စုစုပေါင်း ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၂၀.၇၉ ဘီလီယံအထိ ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ ပို့ကုန် သွင်းကုန်များသည် စက်တင်ဘာလအတွင်း ယာယီ ကျဆင်းမှုတွေ့ရှိရသော်လည်း ကိုးလတာကာလအတွင်း တည်ငြိမ်တိုးတက်မှုကို ပြသလျက်ရှိ ကြောင်း ဖော်ပြထားသည်။

Source :https://en.dangcongsan.vn/trade-investment

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News