International News

ထိုင်းနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောစာချုပ်အောက်မှ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ရန် ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E Mr. Mark Gooding နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး H.E Mr. Picahi Naripthaphan တို့ ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ဆုံခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးခိုင်မာစေရေးနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြောင်း၊ ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးတွဲကော်မတီ (Joint Economic and Trade Committee-Jetco) မှတစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် နှစ်ဖက်ကတိကဝတ်ရှိပါကြောင်း၊ ထိုင်း-ယူကေ Jetco နည်းလမ်းသည် စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသော ပတ်ဝန်းကျင်ကောင်းတစ်ခုမြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စိုက်ပျိုးရေး၊ အစားအစာ၊ အဖျော်ယမကာ နှင့် ခရီးသွားလုပ်ငန်းများကို လွှမ်းခြုံသော Enhanced Trade Partnership မူဘောင်အောက်မှ လွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း ဝန်ကြီး H.E Mr. Picahi Naripthaphan က ပြောကြားခဲ့ပါသည်။

ထိုင်း-ယူကေ Jetco ၏ ဒုတိယအကြိမ်အစည်းအဝေးကို လာမည့်နှစ် သံတမန်ဆက်ဆံရေး နှစ် ၁၇၀ ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ခိုင်မာသော ကုန်သွယ် ရေး မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံ FTA ညှိနှိုင်းဆွေးနွေးမှုအတွက် အခြေခံဖြစ်ကြောင်း၊ FTA တည် ထောင်ပြီးပါက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးအတွက် ခြေလှမ်း စတင်ပြီးဖြစ်ကြောင်း၊ အီလက်ထရောနစ်အချက်အလက်ဆောင်ရွက်ခြင်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ စက်မှုများတွင် နိုင်ငံခြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ကူညီပေးလျက် ရှိပါကြောင်း၊ OECD အဖွဲ့ဝင်ဖြစ်နိုင်ရေးအတွက် ယူကေ၏ ထောက်ပံ့မှုကို ကျေးဇူးတင်ပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံရှိခဲ့ပြီး အဓိက ပို့ကုန်များမှာ ပြုပြင်ပြီးကြက်သား၊ ယန္တရားများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ မော်တော်ဆိုင်ကယ်များနှင့် ဆက်စပ်ပစ္စည်းများနှင့် မော်တော် ယာဉ် များနှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News