International News

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန်စက်ရုံများ၏ ပစ္စည်းအမှာစာများ မြင့်တက်ခဲ့

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အမေရိကန်စက်ရုံများ၏ ကုန်ပစ္စည်းအမှာစာများ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကုန်ပစ္စည်းအမှာစာ အမေရိကန်ဒေါ်လာ (၅၈၅.၆) ဘီလီယံမှ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ(၅၈၆.၇) ဘီလီယံထိရှိခဲ့သဖြင့် (၀.၂) ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပါသည်။ ကြာရှည်အသုံးပြုနိုင်သော ကုန်မာပစ္စည်း (Durable goods) အမှာစာများ သည် (၀.၃) ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ (၂၈၆.၈) ဘီလီယံသို့လည်းကောင်း၊ ကြာရှည်အထားမခံ သည့် လူသုံးကုန်ပစ္စည်း (Nondurable goods) အမှာစာများသည် (၀.၁) ရာခိုင်နှုန်း၊ အမေရိကန် ဒေါ်လာ (၂၉၉.၉) ဘီလီယံသို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News