International News

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၂ ထရီလီယံ ကျော်လွန်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်များနှင့် ပို့ကုန်များ၏ တန်ဖိုး မှာ ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ၅၅ ဘီလီယံ) ကျော်လွန်၍ ယွမ် ၂ ဒသမ ၁ ထရီလီယံအထိ ရောက်ရှိခဲ့ကာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးလာကြောင်း စနေနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာအရ သိရှိရပါသည်။

ယင်းအစီအရင်ခံစာမှာ တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ်၊ Shijiazhuang တွင် ပြုလုပ်ခဲ့သည့် 2023 China (Langfang) International Economic and Trade Fair အတွင်း ဆွေးနွေးပွဲတစ်ခု၌ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ၏ ပို့ကုန်တင်ပို့ခဲ့သည့် နိုင်ငံများတွင် အမေရိကန်သည် ဈေးကွက်၏ ၃၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံသည် ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ အိတ်နှင့် လျှပ်စစ်ပစ္စည်းများ ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ၏ သွင်းကုန်ပစ္စည်းများ အနေဖြင့် ဂျပန်နိုင်ငံထုတ်ကုန်ပစ္စည်းများ မှာ ၂၁ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမေရိကန်ထုတ်ကုန် ပစ္စည်းများမှာ ၁၇ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။

လူသုံးကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ၉၂ ဒသမ ၈ ရာခိုင်းနှုန်းရှိပြီး တင်သွင်းမှုအနေဖြင့် ၉၈ ဒသမ ၃ ရာခိုင်းနှုန်းရှိကြောင်း ဖော်ပြထားသည်။

ယခုနှစ် အစောပိုင်းကတည်းက တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ကုန် သွယ်မှု၏ တိုးတက်မှုအရှိန်အား ဆက်လက်ထိန်းသိမ်းထားနိုင်‌ကြောင်း GACC မှ တာဝန်ရှိသူ Lyu Daliang က ပြောကြားခဲ့သည်။

"GACC စစ်တမ်းတစ်ခုအရ လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ၂၀၂၃ ခုနှစ်တွင် တည်ငြိမ်သော သို့မဟုတ် ဖွံ့ဖြိုးလာနိုင်သော နယ်စပ်ဖြတ်ကျော် e-commerce ကို မျှော်လင့်ထားကြောင်း" Lyu မှ ပြောကြားခဲ့သည်။

Source: http://www.chinadaily.com.cn/a/202306/19/WS648fb4b1a31033ad3f7bd01f.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News