International News

တရုတ်နိုင်ငံသည် ပင်လယ်ရေနက်ပိုင်းနှင့် ပင်လယ်ကမ်းဝေး ငါးပုစွန်မွေးမြူရေးလုပ်ငန်းကို ပိုမိုမြှင့်တင်ဆောင်ရွက်မည်

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ လုပ်ငန်းနယ်ပယ်ကွင်းဆက်တစ်လျှောက် ပင်လယ်ရေနက်ပိုင်းနှင့် ပင်လယ်ကမ်းဝေး ငါးပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် တရားဝင်လမ်းညွှန်ချက် တစ်ခုအရ သိရသည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် စက်မှုနှင့်သတင်းအချက်အလက်နည်း ပညာဝန်ကြီးတို့ပါဝင်သော အာဏာပိုင်အဖွဲ့အစည်း ၈ ခုမှ ပူးပေါင်းထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်များအရ ငါးပုစွန်သားပေါက်များ၏ ရေမြေပတ်ဝန်းကျင် အနေအထားကို မြှင့်တင်ရန်နှင့် အမျိုးသား ‌ရေမြေပတ်ဝန်းကျင်စီမံကိန်းနှင့် ဆက်စပ်ဇုန်စီမံကိန်းတို့၏ လိုအပ်ချက်များအတွင်း အကျုံးဝင်မှု သေချာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။

မျိုးဥမွေးမြူခြင်း၊ ရေထွက်ပစ္စည်းထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် မျိုးကွဲများ အစုလိုက်ပြုစုပျိုးထောင်ခြင်း စသောလုပ်ငန်းနယ်ပယ် ကွင်းဆက်အတွင်း လုပ်ငန်းစဉ်များအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်းထားသည်။

ပင်လယ် ရေနက်ပိုင်းနှင့် ပင်လယ်ကမ်းဝေး ငါးပုစွန်မွေးမြူရေးလုပ်ငန်းစီမံကိန်းများသည် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဥပဒေနှင့်အညီ အကဲဖြတ်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလမ်းညွှန်ချက်တွင် ငါးပုစွန်မွေးမြူရေးနည်းပညာနှင့် စက်ပစ္စည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနဆောင်ရွက်မှုတို့အတွက် ပိုမိုထောက်ပံ့ပေးသွားရန် အာမခံပေးထားပြီး ထုတ်လုပ်မှုလုပ်ငန်းများ၏ ဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ငန်းနယ်ပယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား တောင်းဆိုထားပါသည်။

အရင်းမြစ်။ http://english.yunnangateway.com/html/2023/news_0613/31181.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News