International News

တရုတ်နိုင်ငံ၏ FDI ပမာဏသည် ဇန်နဝါရီလမှ မေလအတွင်း အနည်းငယ်ခုန်တက်

Last Updated:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း တရုတ်ပြည်မကြီးတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ပမာဏမှ ယွမ် ၆၇၄ ဒသမ ၈၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၁၆ ဘီလီယံ ခန့်) ထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၀ ဒသမ ၁ ရာခိုင်နှန်း တိုးလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနက (၁၅-၆-၂၀၂၃) ရက်နေ့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာဈေးအရ FDI ဝင်ရောက်မှုအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇ ဘီလီယံသို့ ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် FDI ပမာဏသည် ပထမ ငါးလအတွင်း ယွမ် ၁၄၇ ဒသမ ၀၈ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၉ ရာခိုင်းနှုန်း တိုးလာပြီး နည်းပညာြမှင့် စက်မှုလုပ်ငန်းတွင် အလားတူကာလနှင့် နှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်းနှုန်းထိ တိုးလာကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

အထူးသဖြင့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်ထက်တစ်နှစ် ၃၀ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး နည်ပညာမြင့် ဝန်ဆောင်မှုကဏ္ဍတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာသည်။

ပြင်သစ်၊ ဗြိတိန်၊ ကနေဒါနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများသည် ၄၂၉ ဒသမ ၇ ရာခိုင် နှုန်း၊ ၁၇၉ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၇၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၆၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အသီးသီး ခုန်တက်သွားခဲ့သည်။

အရင်းမြစ်။ https://investinchina.chinaservicesinfo.com

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News