International News

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးနှစ် ဝင်ငွေသည် ဇန်နဝါရီလမှ မေလအတွင်း ၁၄ ဒသမ ၉ ရာခိုင်နှုန်း တက်လာ

Last Updated:

ပေကျင်း- တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးနှစ်ဝင်ငွေအနေဖြင့် ၂၀၂၃ ခုနှစ် ပထမ ငါးလအတွင်း ၁၄ ဒသမ ၉ ရာခိုင်နှုန်းထိ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက် များအရ သိရသည်။

အဆိုပါကာလအတွင်း နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေမှာ ယွမ် ၉ ဒသမ ၉၇ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ) နီးပါးရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗဟိုအစိုးရအနေဖြင့် ယခုဘဏ္ဍာရေးနှစ် ဝင်ငွေအဖြစ် ယွမ် ၄ ဒသမ ၅၉ ထရီလီယံ ခန့် ကောက်ခံနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ၍ ဒေသဆိုင်ရာအစိုးရ များက ယွမ် ၅ ဒသမ ၃၈ ထရီလီယံ ကောက်ခံနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် ၁၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း အခွန်ငွေ ၈ ဒသမ ၄၈ ထရီလီယံခန့် ရရှိခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဘဏ္ဍာရေးအသုံးစရိတ်အနေဖြင့် ယခုနှစ်အတွင်း ယွမ် ၁၀ ဒသမ ၄၈ ထရီလီယံအထိ ရှိလာခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၈ ရာခိုင်နှုန်း မြှင့်တက်လာကြောင်း ဝန်ကြီးဌာနမှ သိရသည်။

အရင်းမြစ်။ http://www.chinadaily.com.cn/a/202306/17/WS648d3733a31033ad3f7bccd4.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News