Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၁၂ မှ ၁၃ ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်  ALUMINIUMINGOTတန်ချိန် (၆၉.၀၀)တန်၊ တန်ဖိုး (၀.၁၂၁) ဒေါ်လာသန်း၊ ဆန်ကွဲတန်ချိန် (၁၂၆.၀၀)တန်၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော တန်ချိန် (၈၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၇)ဒေါ်လာသန်းနှင့် ဆန်တန်ချိန် (၃၂.၀၀)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။ ALUMINIUMINGOT တစ်ချောင်းလျှင် (၈)ကီလိုဂရမ် အလေးချိန်ရှိပြီး (၁)ပါကင်လျှင် (၇၉)ချောင်းရှိပါသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ALUMINIUM INGOT တစ်တန်လျှင် (၁၇၅၂)ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင် (၄၁၂)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၃၅)ဒေါ်လာ၊ ဆန်တစ်တန်လျှင် (၄၆၉)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်း သိရှိရပါသည်။

          ယခုသီတင်းပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့် ထွန်စက်အရေအတွက် (၇၈)U၊ တန်ဖိုး (၀.၀၈၀)ဒေါ်လာသန်း၊ ကုန်စုံတန်ချိန် (၅၅.၀၀)တန်၊ (၇၄၅၈၀)U၊ (၅၀၀)PR၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း၊ သံပြား တန်ချိန်(၇၈.၅၀)တန်၊ တန်ဖိုး (၀.၀၅၃)ဒေါ်လာသန်း၊ ပိတ်လိပ်တန်ချိန် (၆၄.၉၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်း တန်ချိန် (၂၇.၆၀)တန်၊ (၅၀၀)U၊တန်ဖိုး (၀.၀၂၉)ဒေါ်လာသန်း၊ ချည်ခင် တန်ချိန် (၃၁.၅၀)တန်၊ တန်ဖိုး (၀.၀၂၅)ဒေါ်လာသန်း၊ ကားအပိုပစ္စည်း တန်ချိန် (၁၀.၀၀)တန်၊ တန်ဖိုး (၀.၀၂၅)ဒေါ်လာသန်း၊ ပီနံအိတ် တန်ချိန် (၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး Galvanized Iron Angle တစ်တန်လျှင် (၆၅၈)ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး Iron Sheet တစ်တန်လျှင် (၇၀၅)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၆၀၂)ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၇၈၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၈၀၃) ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News