International News

ဇန်နဝါရီလမှ မေလ အတွင်း တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုတိုးတက်ခဲ့

Last Updated:

တရုတ်နိုင်ငံ မြောက်ဘက်ဆုံးပြည်နယ်ဖြစ်သည့် ဟေလုံကျန်းပြည်နယ်၏ နိုင်ငံခြား ကုန်သွယ်မှုမှာ ယခုနှစ် ပထမငါးလအတွင်း ကာလတူနှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း၊ ၁၁၈.၈ ဘီလီယံယွမ်(အမေရိကန်ဒေါ်လာ ၁၆.၉ ဘီလီယံ) ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခုကာလအတွင်း ဟေလုံကျန်းပြည်နယ်၏ သွင်းကုန်မှာ ကာလတူနှိုင်းယှဉ်ချက်အရ ၁၂.၁ ရာခိုင်နှုန်း ၉၁.၇၉ ဘီလီယံယွမ် မြင့်တက်ခဲ့ပြီး ပို့ကုန်အနေဖြင့် ၄၅.၇ ရာခိုင်နှုန်း၊ ၂၇.၀၁ ဘီလီယံယွမ် တိုးတက်ခဲ့ကြောင်း ဟာဘင်းအကောက်ခွန်ဌာန၏ ဖော်ပြသည့် အချက်အလက်များအရ သိရှိရပါသည်။

Belt and Road နိုင်ငံများတလျှောက် ပြည်နယ်၏ကုန်သွယ်မှုမှာ ၉၃.၇၃ ဘီလီယံယွမ်၊ ကာလတူထက် ၁၉.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၇၈.၉ ရာခိုင်နှုန်း ရှိကြောင်းသိရှိရပါသည်။ RCEP အဖွဲ့ဝင်နိုင်ငံများနှင့်ကုန်သွယ်မှုမှာ ၁၅.၁ ရာခိုင်နှုန်း၊ ၁၁.၂၅ ဘီလီယံယွမ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုကာလအတွင်း ပြည်နယ်၏တင်ပို့ကုန်များတွင် စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းထုတ်ကုန်များနှင့် လုပ်သားအခြေပြုထုတ်ကုန်များပါဝင်ကြောင်းနှင့် ပြည်နယ်သို့ အဓိကတင်သွင်းသည့် သွင်းကုန်များမှာ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ကြောင်းသိရှိရပါသည်။

Source: China's Heilongjiang sees foreign trade growth in Jan-May - People's Daily Online

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News