အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် Safety-net အစီအစဉ်များမှတစ်ဆင့် အကူအညီလိုအပ်သည့် စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်သူများနှင့်မြေပိုင်ရှင်များအား အမေရိကန်ဒေါ်လာ (၂.၁၄) ထောက်ပံ့ပေးသွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် အဖိုးတန်သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ရင်းနှီးမြှုပ် နှံခြင်းဖြစ်ပြီး ဈေးကွက်အတက်အကျကြောင့် ထိခိုက်မှုများမှ စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်သူများ ကို အကာအကွယ်ပေးရန် ပံ့ပိုးပေးသည့်အစီအစဉ်ဖြစ်ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ