International News

ယူအေအီးနိုင်ငံရှိဘဏ်များမှ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ SME များသို့ ချေးငွေ AED ၈၁.၂ ဘီလီယံကို တိုးချဲ့ထုတ်ချေးပေးခဲ့

Last Updated:

ယူအေအီးနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) များသို့ ယူအေအီးနိုင်ငံရှိ ဘဏ်များမှ တိုးချဲ့ထုတ်ချေးပေးခဲ့သော အရင်းအနှီးနှင့်ချေးငွေလက်ကျန်မှာ ၂၀၂၄ ခုနှစ်၊ ပထမနှစ် ဝက်ကုန်တွင် AED ၈၁.၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ယူအေအီးနိုင်ငံဗဟိုဘဏ် (CBUAE) ၏ နောက်ဆုံးထုတ်ပြန်သည့် စာရင်းဇယားများအရ သိရှိရပါသည်။

SME များအား စုစုပေါင်းထုတ်ချေးပေးခဲ့သောချေးငွေပမာဏမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်တွင် AED ၈၅၅.၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယူအေအီးနိုင်ငံရှိ ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းကဏ္ဍများသို့ ပံ့ပိုးပေးသည့် ဘဏ္ဍာရေးလက်ကျန်စုစုပေါင်း၏ ၉.၅ % ဖြစ်ပါသည်။

SME ကဏ္ဍသည် နိုင်ငံအတွင်းလည်ပတ်နေသော စီးပွားရေးလုပ်ငန်းကုမ္ပဏီအရေအတွက် စုစုပေါင်း ၏ ၉၅ % ကျော်ကိုကိုယ်စားပြုနေပြီး ပုဂ္ဂလိကကဏ္ဍမှလုပ်သားအင်အား၏ ၈၆ % ခန့်ကို အလုပ် အကိုင်များကို ဖန်တီးပေးလျက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံအစိုးရ၏ Web Portal တစ်ရပ်တွင် SME လုပ်ငန်းများသည် စီးပွားရေးကွဲပြားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါပြီး အမျိုးသားလူ့စွမ်းအားအရင်းအမြစ်များကို တည်ဆောက်ရာ တွင်လည်း အလွန်အထောက်အကူပြုသောကြောင့် နိုင်ငံမှအထူးအလေးထားရှိကြောင်း၊ SME များ အတွက် အမျိုးသား SME အစီအစဉ်၊ UAE SME ကောင်စီ၊ Operation 300bn၊ UAE လုပ်ငန်း ဗျူ ဟာ၊ Khalifa Fund နှင့် Dubai SME စသည့် အဖွဲ့အစည်းအသီးသီးတို့ထံမှ SME လုပ်ငန်းများအစ ပျိုးတည်ထောင်ခြင်းများနှင့်ဆက်လက်တိုးတက်စေရန်အတွက် အထောက်အပံ့၊ အကူအညီများကို ရယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ Portal တွင်ဖော်ပြထားသည့်စာရင်းဇယားများအရ ယူအေအီးနိုင်ငံရှိ SME လုပ်ငန်းအရေ အတွက်စုစုပေါင်းမှာ ၅၅၇,၀၀၀  ရှိပြီး အဆိုပါ SME များသည် ရေနံမဟုတ်သော GDP တွင် ၆၃.၅ % အထိပံ့ပိုးပေးလျှက်ရှိကာ ၂၀၃၀ ခုနှစ်တွင်  SME လုပ်ငန်းစုစုပေါင်း ၁ သန်းအထိရှိလာမည်ဟု ခန့် မှန်းထားပါသည်။ ယူအေအီးနိုင်ငံ၏ စက်မှုလက်မှုကဏ္ဍသည် နိုင်ငံ၏ GDP တွင် AED ၁၈၀ ဘီလီယံ ကျော်ပါဝင်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်ပို့ကုန် AED ၁၇၄ ဘီလီယံ ရောက်ရှိခဲ့ကြောင်း စက်မှုနှင့်အဆင့် မြင့်နည်းပညာဝန်ကြီးဌာန (MoIAT) မှဖော်ပြထားပါသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ အတွက် အချက်အခြာဒေသတွင်တည်ရှိသည့် ဒူဘိုင်းမြို့ရှိ SME လုပ်ငန်းများ၏အရေအတွက်မှာ ယူအေအီးနိုင်ငံရှိ SME လုပ်ငန်းများစုစုပေါင်း၏ ၉၀ % ကျော်၊ ပေါင်းထည့်တန်ဖိုးစုစုပေါင်း၏ ၄၀ % နှင့် လုပ်သားအင်အား စုစုပေါင်း၏ ၄၃ % တို့ဖြင့်ထိပ်ဆုံးမှ ရပ်တည်လျှက်ရှိပါသည်။

Source:Emirates News Agency, sme.ae, wam.ae, ifza.com

Economic Counsellor (Dubai)

 

Category: International News