International News

Boeing ကုမ္ပဏီသို့ ကုန်တင်လေယာဉ်မှာကြားမှုအသစ်များဖြင့် ယူအေအီးနိုင်ငံအခြေစိုက် Emirates လေကြောင်းလိုင်း၏ ကုန်တင်လေယာဉ်အုပ်စုကို တိုးချဲ့သွားမည်

Last Updated:

Emirates လေကြောင်းလိုင်းမှ ထပ်မံ၍အသေအချာမှာကြားထားသည့် Boeing 777 ကုန်တင်လေ ယာဉ် ငါး စင်းတို့အား ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်းပို့ဆောင်မှုများကို လက်ခံရရှိနိုင်ရန်စီစဉ် ထားရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

အဆိုပါထပ်တိုးမှာကြားမှုကြောင့် ၎င်းလေကြောင်းလိုင်းသည် စုစုပေါင်း Boeing 777F ပေးပို့မှုအား ၂၀၂၆ ခုနှစ်၊ နှစ်ကုန်တွင်စုစုပေါင်း ၁၄ စင်းအထိ လက်ခံရရှိမည်ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် Emirates လေကြောင်းလိုင်းသည် Dubai Aerospace Enterprise လုပ်ငန်းအုပ်စု နှင့် ပူးပေါင်း၍ လက်ရှိ Boeing 777F လေးစင်းအတွက် ငှားရမ်းမှုများကို သက်တမ်းတိုးခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလတွင် Emirates SkyCargo လုပ်ငန်းအုပ်စုသည် Boeing 777 ကုန်တင်လေ ယာဉ် ၂၁ စင်းတို့ဖြင့် လုပ်ငန်းလည်ပတ် ပျံသန်းနိုင်ရန်မျှော်မှန်းထားပြီး ၎င်းတို့၏လေယာဉ်အုပ်စုမှ လက်ရှိကုန်တင်လေယာဉ် ၁၁ စင်းအရေအတွက်ကို သိသိသာသာတိုးမြင့်သွားမည် ဖြစ်ပါသည်။ ၎င်း အပြင် Emirates လေကြောင်းလိုင်းသည် လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အတွက် Boeing 777-300ER ခရီးသည်တင်လေယာဉ် ၁၀ စင်း ကိုလည်း ကုန်တင်လေယာဉ်များအဖြစ်သို့ ပြောင်းလဲလျက် ရှိပါသည်။

Emirates Airline and Group ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ H.H. Sheikh Ahmed bin Saeed Al Maktoum က တစ်ဟုန်ထိုးမြင့်မားလျှက်ရှိသည့်၀ယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ၎င်းတို့၏ဖောက်သည်များအား ပိုမို၍ ပြောင်းလွယ်ပြင်လွယ်မှု၊ ချိတ်ဆက်နိုင်မှုနှင့် ရွေးချယ်စရာများကိုပေးစွမ်းနိုင်ရန်အတွက် ၎င်းတို့မှကုန်တင်လေယာဉ်အသစ်များအား ရင်းနှီးမြှုပ်နှံ ထားကြောင်း ပြောကြားခဲ့ပါသည်။

ဤအရွေ့အပြောင်းသည် ဒူဘိုင်း၏ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးအချက်အချာအဖြစ် ကြီးထွားလျှက် ရှိသောအခြေအနေကို မီးမောင်းထိုးပြလျှက်ရှိနေပြီး Emirates SkyCargo လုပ်ငန်းအုပ်စု၏ စီးပွား ရေးလုပ်ငန်းအမျိုးမျိုးကို ဖောက်သည်စိတ်ကြိုက်ကုန်တင်ဆောင်မှုများအတွက် ဖြေရှင်းချက်ဝန် ဆောင်မှုများဖြင့် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ Emirates လေကြောင်းလိုင်းသည် ကမ္ဘာလုံး ဆိုင်ရာ ကုန်တင်ကုန်ချလုပ်ငန်းများကို ထိရောက်မှုရှိစေရန်အတွက် ၎င်းတို့၏ကြီးမားသော ခရီး သည်တင်လေယာဉ်အမျိုးအစားများဖြစ်ကြသည့် 777၊ A350 နှင့် A380 လေယာဉ်များတို့ဖြင့်လည်း ဆက်လက်အားပြု၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ဒူဘိုင်း၏ Al Maktoum နိုင်ငံတကာလေဆိပ် (DWC) သည် နှစ်စဉ်တန်ချိန် ၁၂ သန်းအထိ လုပ်ငန်းစီမံဆောင်ရွက်နိုင်သည့်စွမ်းဆောင်ရည်ဖြင့် ကမ္ဘာ့အကြီးဆုံးကုန်တင်မှု အ ချက်အချာလေဆိပ်ကြီး ဖြစ်လာစေရန်အတွက် တိုးချဲ့မှုများကိုလုပ်ဆောင်လျှက်ရှိပြီး Emirates SkyCargo လုပ်ငန်းအုပ်စုနှင့် ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ တိုးတက်မှုများအပေါ်တွင် ထပ်လောင်း၍ပံ့ပိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Emirates လေကြောင်းလိုင်းသည် ၂၀၂၈ ခုနှစ်နောက်ပိုင်း လေယာဉ်ပို့ဆောင်မှုများအတွက် လေ ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများအနက် Boeing 777-8F နှင့် Airbus A350-1000F တို့အား အနာဂတ် အတွက် လေယာဉ်အုပ်စုရွေးချယ်မှုများအဖြစ် အကဲဖြတ်လျှက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထား ပါသည်။

Source:Emirates News Agency

Economic Counsellor (Dubai)

 

Category: International News