International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံတစ်ဝှမ်း အပြည့်အဝဒစ်ဂျစ်တယ်ပုံစံ အီလက်ထရွန်နစ် ငွေတောင်းခံလွှာ အသုံးပြုမှုမြှင့်တင်ရန် ဆောင်ရွက်ခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ နိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေတောင်းခံလွှာများ အပြည့်အဝအသုံးပြုမှု မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်အခွန် ဦးစီးဌာန (STA) မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အပြည့်အဝ ဒစ်ဂျစ်တယ်ပုံစံ အီလက်ထရွန်နစ် ငွေတောင်းခံလွှာသည် သမရိုးကျစက္ကူဖြင့် ဆောင်ရွက်သည့် ငွေတောင်းခံလွှာများကဲ့သို့တူညီသော တရားဝင်အီလက်ထရွန်နစ်ပြေစာ အမျိုးအစား အသစ်တစ်ခုဖြစ်ကြောင်း၊ ပြေစာအချက်အလက်များ၏ အစိတ်အပိုင်းအားလုံးကို ဒစ်ဂျစ်တယ်ပုံစံပြုလုပ် ခြင်းဖြင့် အီလက်ထရွန်နစ် ပြေစာပုံစံအသစ်သည် ရိုးရှင်းစွာဆောင်ရွက်သည့်လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးကာ ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း သိရှိရပါ သည်။

နိုဝင်ဘာလအစောပိုင်းတွင် နိုင်ငံတော်အခွန် ဦးစီးဌာနသည် မီးရထားခရီးသည် ပို့ဆောင်မှု အတွက် ဒစ်ဂျစ်တယ်အီလက်ထရွန်နစ် ငွေတောင်းခံလွှာများကို အပြည့်အဝအသုံးပြုရန် မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source: http://en.people.cn/n3/2024/1125/c90000-20246057.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ    

Category: International News