တရုတ်နိုင်ငံတွင် စျေးကွက်ယုံကြည်မှုကို သိသိသာသာ အားကောင်းစေသည့် တိုးမြင့်မူဝါဒ အစီအမံများချမှတ်ခြင်းကြောင့် အောက်တိုဘာလ အဓိကစီးပွားရေးညွှန်းကိန်းများသည် စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေးလမ်းကြောင်းကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။
အောက်တိုဘာလ စီးပွားရေးညွှန်းကိန်းများအရ တန်ဖိုးမြှင့်စက်မှုထုတ်ကုန်များသည် ယခင်နှစ် ကာလတူထက် ၅.၃ ရာခိုင်နှုန်း၊ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုတွင် ၄.၈ ရာခိုင်နှုန်း၊ စားသုံးသူ စျေးဆနှုန်းကိန်း ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။
ထုတ်လုပ်သူစျေးဆနှုန်းကိန်းမှာ ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မြို့ပြစစ်တမ်းအရ အလုပ်လက်မဲ့ ၅.၀ ရာခိုင်နှုန်းရှိကြောင်းသိရှိရပါသည်။
ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု ၃.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယွမ် ၄၂.၃၂ ထရီလီယံရှိကြောင်းနှင့် ကုန်ပစ္စည်းဆိုင်ရာနိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၃.၇ ထရီလီယံဖြင့် ယခင်နှစ်ထက် ၄ .၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ အောက်တိုဘာလတွင်ထုတ်လုပ်မှု PMI ၅၀.၁ ရှိကြောင်း သိရှိရပါသည်။
ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၁၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ လျှပ်စစ်သုံးစွဲမှုတွင် ၇.၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍဆိုင်ရာ ထုတ်လုပ်မှု ညွှန်းကိန်းမှာ ယခင်နှစ်ကာလတူထက် ၆.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ဇန်နဝါရီလမှ အောက်တို ဘာလအတွင်း ဘဏ္ဍာနှစ်ဝင်ငွေ ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ယွမ် ၁၈.၅၀ ထရီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202411/26/WS6744fcc1a310f1265a1cf7d3.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ