International News

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ၂၀၂၄ ခုနှစ်အတွင်း သက်ဝင်နိုင်ရန် မျှော်မှန်းထား

Last Updated:

ဖိလစ်ပိုင်-ကိုရီးယားလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် Free Trade Agreement – FTA သည် ယခု ၂၀၂၄ ခုနှစ်အတွင်း အကျိုးသက်ရောက်နိုင်ရန် မျှော်လင့်ပါကြောင်းနှင့် ကိုရီးယား နိုင်ငံဘက်မှ သဘောတူညီလက်မှတ်ရေးထိုးမည့် လုပ်ငန်းစဉ်မှာ ကိုရီးယားအမျိုးသားလွှတ်တော်၏ သဘောတူညီချက်ရရှိရန်စောင့်ဆိုင်းနေရဆဲဖြစ်သဖြင့် မပြီးပြတ်သေးသည့် အတွက် ဆိုင်းငံ့ထားနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှသဘောတူညီလက်မှတ်ရေးထိုးသည့်လုပ်ငန်းစဉ် အပြီးသတ်ထားပြီဖြစ်သဖြင့် ကိုရီးယားနိုင်ငံမှ သဘောတူညီလက်မှတ်ရေးထိုးမည့်လုပ်ငန်းစဉ်ပြီးသည်နှင့် ၂၀၂၄ ခုနှစ်အတွင်း စာချုပ်အသက်ဝင်မည်ဖြစ်ပါသည်။ ကိုရီးယားနိုင်ငံသမ္မတ Yoon Suk Yeol သည် လာမည့် အောက်တို ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်လည်းရှိကြောင်း သိရှိရသဖြင့် ဖိလစ်ပိုင်- ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ် အချိန်မီလက်မှတ်ရေးထိုးသွားနိုင် မည်ဟု ခန့်မှန်းထားပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုသည် အဓိကကဏ္ဍတွင် ပါဝင်သဖြင့် FTA လက်မှတ်ရေးထိုးနိုင်မည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေနိုင်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံး ငှက်ပျောသီးတင်ပို့ခဲ့ သည့်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စုစုပေါင်း ငှက်ပျောသီးတင်ပို့၏ ၁၃% ၊ အမေရိကန်ဒေါ်လာ ၁၆၄.၅၄ သန်း ရရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လပတ်တွင်လည်း ကိုရီးယားနိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု အမေရိ ကန်ဒေါ်လာ ၁၀၂.၅၈ သန်းရရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးရန် ဖိလစ်ပိုင်လွှတ်တော်မှ ၂၃-၉-၂၀၂၄ ရက်နေ့က သဘောတူညီခဲ့ပြီး အဆိုပါ FTA တွင် တောင်ကိုရီးယား နိုင်ငံမှဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းမည့်ကုန်ပစ္စည်းများအတွက် အခွန်သက်သာခွင့် ၉၆.၅% ရရှိမည်ဖြစ် ပြီး ကိုရီးယားနိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများအတွက် အခွန်သက်သာခွင့် ၉၄.၈% ရရှိနိုင်မည်ဖြစ် ကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့ပြီးသည့် FTA အရ စိုက်ပျိုးရေးပစ္စည်းများထဲရှိ ကုန်စည်လိုင်း ၁၅၃၁ လိုင်းအတွက် အခွန်သက်သာခွင့်ရရှိထားခဲ့ပြီး ယခု FTA  အတည်ပြုအသက်ဝင်သွားမည်ဆိုပါက နောက်ထပ် ကုန်စည်လိုင်း ၁၄၁၇ လိုင်းထပ်မံ ရရှိမည် ဖြစ်ပါသည်။ထို့ပြင် စက်မှုပစ္စည်းများထဲမှ ကုန်စည်လိုင်း ၉၉၀၀ အတွက်လည်း အခွန်သက်သာခွင့် ရရှိ မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ( စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News