International News

ယူအေအီးနိုင်ငံမှ ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အဦအညွှန်းကိန်းတွင် ကမ္ဘာလုံးဆိုင်ရာ ပထမအဆင့်ကိုရောက်ရှိ

Last Updated:

ယူအေအီးနိုင်ငံ၏ ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်အစိုးရ စည်းမျဉ်းစည်းကမ်း အာဏာပိုင် (TDRA) အဖွဲ့သည် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ E-Government စစ်တမ်းတွင် ယူအေအီးနိုင်ငံမှထူးခြားသော အောင်မြင်မှုများရရှိခဲ့ကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပြီး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုကို အရှိန် မြှင့်ရန်နှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရများ၏အဓိကကျသော အခန်းကဏ္ဍအပေါ် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ယူအေအီးနိုင်ငံသည် ပြီးပြည့်စုံသော ၁၀၀ % ရမှတ်ဖြင့် ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အဦ အညွှန်းကိန်း (TII) တွင် တစ်ကမ္ဘာလုံးတွင် ပထမအဆင့်ကို ရရှိခဲ့ပါသည်။ လူသားအရင်းအနှီး အညွှန်းကိန်း (HCI) တွင်လည်း ယူအေအီးနိုင်ငံသည် ကမ္ဘာပေါ်တွင်အဆင့် ၄၄ မှ အဆင့် ၁၀ အထိ သိသိသာသာ ခုန်တက်သွားခဲ့ပြီး အာရှတိုက်နှင့်အာရပ်ကမ္ဘာတို့တွင် ပထမနေရာကိုရယူနိုင်ခဲ့ပါသည်။ ၎င်းမှာ အရှိန်အဟုန်နှင့်နည်းပညာတိုးတက်မှုများအကြား နိုင်ငံသားများ၏အရည်အချင်းများ အားမြှင့်တင်ရန်အတွက် ယူအေအီးနိုင်ငံ၏အာရုံစိုက်ဆောင် ရွက်ထားရှိမှုများအားပြသသည့် သက်သေတစ်ရပ်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံသည် E-Government ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (EGDI) တွင် ၉၅ % ရမှတ် ရရှိ ခဲ့ပြီး ၂၀၂၂ ခုနှစ် အကဲဖြတ်မှုမှစတင်ကာ အဆင့်နေရာနှစ်ခုကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည့် ထိပ်တန်းနိုင်ငံများစာရင်းတွင်လည်း ထည့်သွင်းဖော်ပြထားပါသည်။ အထူးသဖြင့် ယူအေအီးနိုင်ငံ သည် e-government တတ်မြောက်မှု အညွှန်းကိန်း (EGL) နှင့် အွန်လိုင်းဝန်ဆောင်မှုအညွှန်းကိန်း (OSI) တို့တွင် အကြောင်းအရာပံ့ပိုးပေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်စံနှုန်းများအတွက်  ရမှတ် အပြည့်အဝကို ရရှိခဲ့ပါသည်။

TDRA ၏ ဥက္ကဋ္ဌ ဖြစ်သူ Talal Belhoul Al Falasi က ယူအေအီးနိုင်ငံ၏ အမြော်အမြင်ရှိသော ခေါင်း ဆောင်မှုနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ဤအောင်မြင်မှုများကို ရရှိ ခဲ့ခြင်းဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါသည်။

ယနေ့အခါတွင် ၎င်းတို့မှဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲရေးတို့တွင် ဆယ်စုနှစ်များစွာရင်းနှီးမြုပ်နှံခဲ့မှု၏ ဆုလာဘ်များကိုခံစားရခြင်းဖြစ် ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

TDRA ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Eng. Majed Sultan Al Mesmar မှလည်း ယူအေအီးနိုင်ငံ၏ အောင်မြင်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ စမတ်ကျ သောမြို့များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးများကို မောင်းနှင်ရန်အတွက် လှုံ့ဆော်မှုပုံစံတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစီရင်ခံစာတွင် ယူအေအီးနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် (UAE PASS)၊ ဒစ်ဂျစ်တယ်နိုင်ငံ သားလက်မှတ်နှင့် အစိုးရဝန်ဆောင်မှုလုပ်ငန်းစဉ်များအတွက် AI နည်းပညာဖြင့်ဆောင် ရွက်သည့် U-Ask လမ်းကြောင်းကဲ့သို့သော အစပျိုးလုပ်ဆောင်မှုများအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ယူအေအီး နိုင်ငံ၏ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များကို အလေးပေးထုတ်ပြန်ထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News