မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံ၊ တောင်ကိုရီးယား- မြန်မာ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသန( Korea-Myanmar Institute for Economic and Security Studies-KM-IESS) ဥက္ကဋ္ဌ Mr.Choi Shin-il ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ အရာရှိများ၊ ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ၌ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ မြန်မာ့ လယ်ယာထွက်ကုန်များ ကိုရီးယားနိုင်ငံသို့ တင်ပို့မည့် အခြေအနေများ၊ မြန်မာ - ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်ဆက်ဆံရေးနှင့် ယဉ်ကျေးမှုများကို တိုးမြှင့်သွားလိုမှုများ၊ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ E-commerce Platform တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ASEAN-Korea FTA အောက်တွင် နှစ်နိုင်ငံ ကုန်းသွယ်မှုမြှင့်တင်သွားနိုင်မှု အခြေအနေ စသည်ဖြင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
 
                         
                         
                        