ဂျာမနီနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၏ စားသုံးသူစျေးနှုန်းများသည် ပြီးခဲ့သည့်နှစ် အလားတူလကထက် ၁.၆ ရာခိုင်နှုန်းခန့် မြင့်မားခဲ့ကြောင်း ငွေကြေးဖောင်းပွမှု နှေးကွေးစွာ ဆက်လက်ကျဆင်းနေသည့် လမ်းကြောင်းကို ညွှန်ပြနေသော ယာယီကိန်းဂဏန်းများကို အသုံးပြု၍ German Federal Statistical Office က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ဆုံးအကြိမ် ငွေကြေးဖောင်းပွမှုနှုန်းနိမ့်ကျခဲ့ပြီး၊ ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နှစ်လဆက်တိုက် စျေးနှုန်းများ မြင့်တက်လာသော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာမူ ၂ ရာခိုင်နှုန်းအောက်တွင်သာ မြင့်တက်လာသည်ကို တွေ့ရှိရပါ သည်။
စွမ်းအင်ဈေးနှုန်းများ ၇ ရာခိုင်နှုန်းခန့် ကျဆင်းလာသည့်အတွက် စားသုံးသူများအနေဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စွမ်းအင်အတွက် ငွေပေးချေရမှုမှာ ယမန်နှစ် စက်တင်ဘာလကထက် သက်သာသွားခဲ့ကြောင်း ဖော်ပြထားပါသည်။ အလုံးစုံငွေကြေးဖောင်းပွမှုနှင့်အညီ အစား အသောက်စျေးနှုန်းများတွင် ၁.၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍများတွင် ၃.၈ ရာခိုင်နှုန်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပါသည်။
စွမ်းအင်နှင့် စားနပ်ရိက္ခာအတွက် စျေးနှုန်းများ သိသိသာသာ အတက်အကျမရှိသော်လည်း အဓိက ငွေကြေးဖောင်းပွမှုမှာမူ ၂.၈ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်းအထိ အနည်းငယ် ကျဆင်း သွားခဲ့ပါသည်။ စျေးနှုန်းများမြင့်တက်မှုမှာ ပြီးခဲ့သည့်လများအတွင်း သိသိသာသာကျဆင်းသွားခဲ့ကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ဇူလိုင်လတွင် ၂.၃ ရာခိုင်နှုန်းရှိရာမှ ဩဂုတ် လတွင် ၁.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။
စီးပွားရေးပညာရှင်များက ငွေကြေးဖောင်းပွမှု ဆက်လက်ကျဆင်းမည်ဟု မျှော်မှန်းထားကြ သကဲ့သို့ ဂျာမနီ၏ ထိပ်တန်း Economic Research Institutes မှ ပြုစုထားသော ဆောင်းဦး ရာသီအစီရင်ခံစာတစ်စောင်တွင်မူ စားသုံးသူဈေးနှုန်းများသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ် (၂၀၂၄ ခုနှစ်) တွင် ၂.၂ ရာခိုင်နှုန်းခန့် မြင့်တက်လာနိုင်ဖွယ်ရှိသည်ကို ကြိုမြင်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်၏ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၅.၉ ရာခိုင် နှုန်းခန့် မြင့်တက်ခဲ့ကြောင်းနှင့် လာမည့်နှစ် (၂၀၂၅ ခုနှစ်) ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။
မကြာသေးမီက Ifo Institute မှ ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် ဂျာမနီရှိ ကုမ္ပဏီအနည်း ငယ်အနေဖြင့် ၎င်းတို့၏စျေးနှုန်းများကို မြှင့်တင်လိုသည့် ဆန္ဒရှိနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် GfK Economic Institute ၏ စစ်တမ်းတစ်ခုတွင်လည်း ဂျာမန်ပြည်သူများ၏ စားသုံးမှုနှုန်းသည် ရပ်တန့်နေဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှုကျဆင်းခြင်းသည် စားသုံးသူအသုံးစရိတ်ကို ယခုအချိန်အထိ မြှင့်တင်နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။
ငွေကြေးမူဝါဒပိုင်းဆိုင်ရာ ခေါင်းဆောင်များက ငွေကြေးဖောင်းပွမှုကိုထိန်းညှိ၍ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ဂျာမနီ၌ ငွေကြေးဖောင်းပွမှု ကျဆင်းလာခြင်းသည် ဥရောပဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း ဖြတ်တောက်မှု ဆောင်ရွက်ရန် ပိုမိုလွယ်ကူလာစေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://www.dw.com/en/german-inflation-sinks-to-lowest-rate-since-2021/a-70367860
စီးပွားရေးသံမှူး၊ ဘာလင်