International News

ထိုင်းနိုင်ငံတွင် ကော်ဖီနှင့် ကော်ဖီထုတ်ကုန်များ ပိုမိုတင်ပို့နိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာ

Last Updated:

ထိုင်းနိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအား ပြည်တွင်းထွက်ကော်ဖီစေ့နှင့် ပြည်ပမှတင်သွင်း လာသော ကော်ဖီကုန်ကြမ်းစေ့များ ပေါင်းစပ်ထုတ်လုပ်ထားသည့် လှော်ထားသော ကော်ဖီစေ့များနှင့် ကော်ဖီထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီး  ဌာနက ထုတ်ပြန်မည့် ကြေညာချက် (မူကြမ်း) ကို ထိုင်းနိုင်ငံ အစိုးရအဖွဲ့က အတည်ပြုလိုက် ကြောင်း၊ ယခင်က တင်သွင်းလာသည့် ကော်ဖီကုန်ကြမ်းများကို ပြုပြင်ပြီးသည့် ထုတ်ကုန်များကိုသာ ပြည်ပသို့  ပြန်လည်တင်ပို့ခွင့် ပြုခဲ့ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rachada က ပြောကြား လိုက်ပါသည်။

ယခုပြောင်းလဲချက်အရ ဘရာဇီးနိုင်ငံ တောင်ပိုင်းမှထွက်ရှိသော ရိုဘတ်စတာ (Robusta) အမျိုးအစားနှင့် ကင်ညာမြောက်ပိုင်းမှ ထွက်ရှိသော အာရေးဗီးကား (Arabica) အမျိုးအစားတို့ကို ပြည်တွင်းထုတ်ကော်ဖီကုန်ကြမ်းစေ့များနှင့် ပေါင်းစပ်ထုတ်လုပ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုပါ သည်။

သို့သော် ပို့ကုန်အတွက် အဓိကလိုအပ်သည့် အချက်များပြောင်းလဲခြင်းမရှိပါကြောင်း၊ ဥပမာ-ပို့ကုန်ခွင့်ပြုချက်၊ အပြည်ပြည်ဆိုင်ရာ ကော်ဖီအသင်း ၏ စည်းမျဉ်းများအရ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးလျက်ရှိသည့် ကော်ဖီထွက်ရှိသည့် ပင်ရင်းဒေသလက်မှတ်များလိုအပ်မည်ဖြစ် ကြောင်း၊ ယင်းသို့ ကြေညာချက်ထုတ်ပြန်ပေးခြင်းကြောင့် ကော်ဖီလုပ်ငန်းရှင်များအတွက် ကုန်ကြမ်းများမှတစ်ဆင့် ပြည်တွင်းထုတ်လုပ်မှုကို အားပေးရာရောက်ရုံသာမက ပြည်ပသို့ တင်ပို့မှု အခွင့်အလမ်း များလည်း တိုးမြင့်လာပါကြောင်း Ms. Rachada က ပြောကြားခဲ့ပါသည်။

 

 

      

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.gov         

Category: International News