International News

သီရိလင်္ကာသည် ရုရှားနှင့် ကုန်သွယ်မှု နယ်ပယ်သစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထား

Last Updated:

သီရိလင်္ကာနိုင်ငံသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် စိတ်ဝင်စားပြီး ဤနယ်ပယ်တွင် အလားအလာကောင်းများစွာရှိကြောင်း၊ နှစ်နိုင်ငံလုံးသည် ဓာတ်မြေသြဇာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံရှိပြီးသားဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး ပါမောက္ခ Janita Abevikrema Liyanage က TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကုန်သွယ်မှုနယ်ပယ်တွင် နယ်ပယ်အသစ်များဖွံ့ဖြိုးတိုးတက်လာစေရန် ၎င်းတို့ကြိုးပမ်းလျက်ရှိပြီး ဤနယ်ပယ်တွင် အလားအလာကောင်းများစွာကို မြင်တွေ့နေရကြောင်း၊ ဓာတ်မြေသြဇာနှင့်ပတ်သက်၍ ၎င်းတို့သည် Uralkali ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုသည် ခေတ္တခဏရပ်နားခဲ့ပြီး ယခုအခါ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ရန်နှင့် အားကောင်းလာစေရန် အနီးကပ်ကြိုးစားလုပ်ဆောင်နေကြောင်း Yekaterinburg မြို့၌ ကျင်းပခဲ့သော Eurasian Economic Youth ဖိုရမ်၏ ဘေးတွင် သီရိလင်္ကာသံအမတ်ကြီးမှ ပြောကြားခဲ့သည်။

သံအမတ်ကြီး၏ပြောဆိုမှုအရ သီရိလင်္ကာသည် Yekaterinburg မြို့နှင့် Sverdlovsk ဒေသတို့၌ ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ အပြန်အလှယ်စေလွှတ်ပြီး ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Source : https://tass.ru/ekonomika/17605279

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News