International News

ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုကျဆင်း

Last Updated:

ဟောင်ကောင်ဒေသမှ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စုစုပေါင်း ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက  ၁၃ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့်  ဒေါ်လာ ၃၃၈.၃ ဘီလီယံ အထိ ကျဆင်းခဲ့ကြောင်း မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း ဖော်ပြထားကြောင်း hong kong business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် “Exports value down to $338.3 in April” ဖြင့် ဖော်ပြထားပါသည်။

ကုန်စည်တင်ပို့မှုတန်ဖိုး ၁၁.၉ ရာခိုင်နှုန်း တန်ဖိုးဒေါ်လာ ၃၇၄.၉ ဘီလီယံ အထိ ကျဆင်းခဲ့ပြီး ကုန်သွယ်မှုလိုငွေ ၃၆.၆ ဘီလီယံရှိကြောင်း ဧပြီလစာရင်းများတွင် ဖော်ပြထားကြောင်း၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလ ၏ ကုန်သွယ်မှုစာရင်းဇယားနှင့် နှိုင်းယှဉ်ကြည့်ပါက ဖေဖေါ်ဝါရီလမှ ဧပြီလအထိ သုံးလအတွင်း ပို့ကုန် ၁၅.၄ ရာခိုင် နှုန်းနှင့် သွင်းကုန် ၁၀.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကုန်စည်တင်ပို့ရောင်းချမှုသည် ၂၀၂၂ ခုနှစ် ဧပြီလရောင်းချမှုတန်ဖိုးထက် ကျဆင်းခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရစာရင်းဇယားများတွင် ဖော်ပြထားပါသည်။ တရုတ်ပြည်မ၊အမေရိကန်နှင့်ဥရောပသမဂ္ဂတို့သို့ ပို့ကုန်တင်ပို့မှု ကျဆင်းသကဲ့သို့ အခြားအာရှဈေးကွက်များသို့ တင်ပို့မှုမှာလည်း ဈေးကွက်အလိုက် ကျဆင်းမှုရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တိုးတက်သည့် နိုင်ငံများသို့ ပို့ကုန်တင်ပို့မှု ဆက်လက်ကျဆင်းနေပါက ဟောင်ကောင်ဒေသ ပို့ကုန်တင်ပို့နိုင်မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်သော်လည်း တရုတ်ပြည်မ၏ စီးပွားရေးပြန်လည်ထူထောင်မှု လျင်မြန်ခြင်းမှာဟောင်ကောင်ဒေသအတွက် အခြေအနေကောင်းတစ်ခုဖြစ်ကြောင်း အစိုးရထုတ်ပြန်ခြင်းဖော်ပြထားကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်

Category: International News