Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    ဇွန်လ ပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက် သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံနီ/ဖြူ ဈေးနှုန်းများ ကျဆင်းနေပြီး နှမ်းဖြူ ၊ နှမ်းနက်၊ နှမ်းညို ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ  နှမ်းညို တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၅၀၀၀-၈၅၀၀၀)ကျပ် ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်ဈေးနှုးန်များ မြင့်တက်သွား ကြောင်းသိရသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၁၀၀-၈၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၀၀၀-၆၈၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ/ဖြူဈေးနှုန်းများ အနည်ငယ် ကျဆင်းသွား ကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၃၀၀၀ကျပ် ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၁၅၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News