International News

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ယှဉ်ပြိုင်မှု ဥပဒေချိုးဖောက်မှု ဖြစ်နိုင်ချေရှိသော ဆန်ဈေးနှုန်းအနိမ့်ဖြင့် လေလံဆွဲမှုကို ကြည့်ရှုစစ်ဆေး

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ဦးစီးဌာနက ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာအသင်းအား ဈေးနှုန်းချိုသာစွာဖြင့် လေလံအောင်သည့် ဆန်တင်ပို့သူများ၏ အချက်အလက်ကို စစ်ဆေးရန်နှင့် နေ့တွင်းချင်း ပြန်လည်တင်ပြရန် တောင်းဆိုထားသည်။

ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ကုမ္ပဏီအချို့သည် ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်မှ ဆန်တင်ပို့သည့် စျေးနှုန်းထက်နိမ့်သောစျေးနှုန်းဖြင့် လေလံဆွဲပါက ယှဉ်ပြိုင်မှုဥပဒေကို ချိုးဖောက်နိုင်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ အထူးသဖြင့် ဆန်ကွဲဖြူ ၅ ရာခိုင်နှုန်း တန်ချိန် ၃၀၀,၀၀၀ တင်သွင်းရန် အင်ဒိုနီးရှား၏ မေလ ၂၁ ရက်က လေလံဆွဲရာတွင် ဗီယက်နမ် ဆန်တင်ပို့သူအချို့သည် ပုံမှန်မဟုတ်သော ဈေးနှုန်းဖြင့် လေလံအောင်မြင်ခဲ့သည်။

ပြည်ပသို့တင်ပို့သည့် ဗီယက်နမ်ဆန်များ၏ အရည်အသွေးနှင့်နာမည်ဂုဏ်သတင်းကိုကာကွယ်ရန်အတွက် ဗီယက်နမ်စားနပ်ရိက္ခာအသင်းအား အင်ဒိုနီးရှား လေလံအောင်မြင်သည့် ကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး သောကြာနေ့တွင် အသေးစိတ် အစီရင်ခံစာတင်ပြရန် တောင်းဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဆန်တင်ပို့ရောင်းချသူများထဲမှ တစ်ခုဖြစ်သည့် Lộc Trời Group Joint Stock Company သည် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀,၀၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ (Perum Bulog) မှ ကြေငြာခဲ့သည်။

ထူးခြားသည်မှာ Lộc Trời သည် လေလံဆွဲသူများအကြား အနိမ့်ဆုံးလေလံဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၃၊ ကနဦးဈေးတစ်တန်လျှင် ၅၇၉ ဒေါ်လာထက် ၁၆ ဒေါ်လာနှင့် ဗီယက်နမ်စားနပ်ရိက္ခာအသင်းမှ ဖော်ပြထားသော ပြည်တွင်းဆန်ဈေးနှုန်းထက် ၂၄ ဒေါ်လာ နည်းပါးကြောင်း ဖော်ပြထားသည်။

Lộc Trời မှ ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့၏ လေလံဈေးသည် ပို့ကုန်လုပ်ငန်းရှင်များ၊ လယ်သမားများနှင့် စျေးကွက်အတွက် အကျိုးရှိစေမည့်အပြင် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် အကျိုးရှိစေရေးအတွက် ဂရု တစိုက် ထည့်သွင်းစဉ်းစားခဲ့ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News