International News

ထိုင်းနိုင်ငံသည် Eurasian Economic Union (EAEU) နှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူ စာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် Eurasian Economic Union (EAEU) နှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်အတွက် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် ရုရှားစိုက်ပျိုးရေးဝန်ကြီး H.E Mr. Sergey Levin နှင့် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan တို့ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

တွေ့ဆုံဆွေးနွေးရာ၌ နှစ်နိုင်ငံလုံးက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အတွက် သဘောတူညီခဲ့ကြကြောင်း၊ ရုရှား၏ ကျွမ်းကျင်သော နယ်ပယ်များဖြစ်ပြီး ထုတ်လုပ်မှု အခြေစိုက်အဖြစ် ချဲ့ထွင်ရန် စိတ်ဝင်စားလျက်ရှိသည့် နည်းပညာမြင့်နှင့် ဉာဏ်ရည်တု နယ်ပယ်များအတွက် ဖြစ်ကြောင်း၊ လွန်ခဲ့သော ၇ နှစ်ခန့်မှစ၍ အချက်အလက်စင်တာနှင့် Printed Circuit Board ထုတ်လုပ်မှုအတွက် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာ့အစားအစာ အချက်အချာ နှင့် လုံခြုံစိတ်ချရသော အစားအစာများ၏ စင်တာအတွက် နေရာကောင်းတွင် တည်ရှိပါကြောင်း၊ ရုရှား က ၎င်းတို့နိုင်ငံထွက် ဂျုံ၊ နို့ထွက်ပစ္စည်းနှင့် ရေထွက်ကုန်များကို ထိုင်းနိုင်ငံမှ တင်သွင်းရန် တောင်းဆိုရာ၌ ရုရှားဖက်ကလည်း ထိုင်းဆန်နှင့် အစားအစာထုတ်ကုန်များ တင်သွင်းမှုကို မြှင့်တင်ရန် ဝန်ကြီး Mr. Pichai က တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း-ရုရှားတို့အကြား နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်သည့် ဝန်ကြီးဌာနအဆင့်ကျင်းပသော ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီခွဲ၏ ၅ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်သည်ကို ပြသခဲ့ပါကြောင်း၊ EAEU တွင် လူဦးရေ ၂၀၀ သန်းနှင့် ပေါင်း စပ် GDP အမေရိကန်ဒေါ်လာ ၅ ထရီလီယံရှိသော ရုရှား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ်စတန်စသည့် နိုင်ငံများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ထိုင်းနှင့် EAEU တို့ အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အတွက် ရုရှား၏ ထောက်ခံချက်ကိုလည်း ရရှိလိုကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရုရှားသည် ထိုင်းနိုင်ငံ၏ အဆင့် ၃၇ ရှိသော ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး EAEU တွင် အဆင့် ၁ ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၁၉ ဘီလီယံရှိပြီး ထိုင်းနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှု ၏ ၀.၂၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားသို့ တင်ပို့ခဲ့သည့် အဓိကထုတ်ကုန်များမှာ ရာဘာထုတ်ကုန်များ၊ မော်တော်ကားများနှင့် ဆက်စပ်ပစ္စည်းများ၊ ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေးများ၊ သတ္တုရိုင်းများ၊ သတ္တုအပိုင်းအစများနှင့် ဓာတုပစ္စည်းများဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News