International News

ဖိလစ်ပိုင်စက်သုံးဆီ ဈေးနှုန်းများ ၂၀၂၃ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ပြန်ကျမည်ဟု စက်သုံးဆီလုပ်ငန်းရှင်များ ပြောကြား

Last Updated:

မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ရေနံထွက်ပစ္စည်းဈေးနှုန်းများ လတ်တလော မြင့်တက်နေခြင်းအား ခေတ္တဆိုင်းငံ့ပေးခြင်းခံရမည်ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှစ၍ တစ်လီတာ လျှင် Peso- 60 cents ခန့် ပြန်ချပေးမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ကြေငြာ ချက်ထုတ်ပြန်ခဲ့ပါသည်။

သီးခြားစက်သုံးဆီဈေးနှုန်းဆိုင်ရာ အကြံဉာဏ်ပေးရေးကော်မတီအဖွဲ့များမှလည်း ဓာတ်ဆီ တစ်လီတာလျှင် Peso- 60 cents ခန့် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် Peso- 30 cents ခန့် ၊ ရေနံဆီ တစ်လီတာလျှင် Peso- 60 cents ခန့် တို့အား အသီးသီး လျှော့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

သန့်စင်ပြီးစက်သုံးဆီဈေးနှုန်းများအား ဖိလစ်ပိုင်နိုင်ငံရှိ Shell နှင့် Seaoil ကုမ္ပဏီတို့၏ ဈေးနှုန်းများအရ ဈေးနှုန်းညှိနှိုင်းချက်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နေ့လယ် ၁၂:၀၀ တိတိတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းဓာတ်ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက် နေခြင်းနှင့် ဒီဇယ်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်းတို့သည် တတိယသတင်းပတ်တွင် အဆုံးသတ်မည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

၂၀၂၃ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ၏ဈေးနှုန်းအား ဓာတ်ဆီ တစ်လီတာလျှင် Peso- 1.10 လျှော့ချခြင်း ၊ ရေနံဆီ တစ်လီတာလျှင် Peso- 35 cents လျှော့ချခြင်း ပြုလုပ်ခဲ့ပြီး ဒီဇယ်ဆီဈေးနှုန်းအား ပြောင်းလဲခြင်း မရှိခဲ့ပါကြောင်း၊ Philippines Department of Energy ၏ ဈေးနှုန်းဖော်ပြချက်များအရ ၂၀၂၃ ခုနှစ်အတွက် ဒီဇယ် တစ်လီတာလျှင် Peso- 5.05 နှင့် ရေနံဆီ တစ်လီတာလျှင် Peso-6.75  ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ ဓာတ်ဆီဈေးနှုန်းမှာမူ တစ်လီတာလျှင် Peso- 6.10  မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

 

 

Source:https://business.inquirer.net/404096/oil-firms-to-roll-back-fuel-prices-on-june-6?utm_source=gallery&utm_medium=direct

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

         

 

Category: International News