International News

အမေရိကန်နိုင်ငံ၏ Wholesale Inventory သည် မတ်လတွင် (၀.၄) ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ Wholesale Inventory သည် မတ်လတွင် (၀.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း Reuters အွန်လိုင်းသတင်းတွင် ၈-၅-၂၀၂၄ ရက်နေ့၌ “US wholesale inventories drop by unrevised 0.4% in March” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

မတ်လအတွင်း အမေရိကန်နိုင်ငံ၏ Wholesale Inventory ကျဆင်းခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း စီးပွားရေးတိုးနှုန်းကို လျော့ကျစေခဲ့ကြောင်း၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ သန်းခေါင်စာရင်းကောက်ယူရေးဗျူရို၏ ပြောကြားချက်အရ Wholesale Inventory သည် ယခင်လခန့်မှန်းချက်အောက် (၀.၄) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ လက်ကားရောင်းချသူများ၏ လက်ကျန်စာရင်းသည် ဖေဖော်ဝါရီလတွင် (၀.၂) ရာခိုင်နှုန်းသာရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်အတွင်း (၁.၆) ရာခိုင်နှုန်းရှိပြီး ယင်းတိုးနှုန်းသည် နှစ်နှစ်တာအတွင်း တိုးတက် မှုအနှေးကွေးဆုံးဖြစ်ကြောင်း၊ မော်တော်ယာဉ်များ၏ Wholesale Inventory သည် (၀.၁) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သတ္တု၊ စက္ကူ၊ ဆေးဝါး၊ အဝတ်အထည်၊ အိမ်သုံးပစ္စည်းများ၊ လယ်ယာထုတ်ကုန်များနှင့် အရက်စသည့်ကုန်ပစ္စည်းများ၏ သိုလှောင်ရုံ ရှိလက်ကျန်စာရင်းမှာလည်း လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် ရေနံ ၊ သစ် ၊ ပရိဘောဂ၊ စက်ပစ္စည်းနှင့် ကွန်ပျူတာဆိုင်ရာ ဆက်စပ်ပစ္စည်းများ၏ လက်ကျန်စာရင်းမှာ မြင့်တက်ခဲ့ကြောင်း၊  မော်တော်ယာဉ် မပါဝင်သည့် Wholesale Inventory သည် မတ်လတွင် (၀.၅) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ လက်ကားရောင်းချသူများ၏ ရောင်းအားသည် ဖေဖော်ဝါရီလတွင် (၂) ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း  မတ်လအတွင်း (၁.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ မတ်လရောင်းအားအတိုင်းသာ ဆက် လက်ရှိနေပါက လက်ကားရောင်းချ သူများ၏ သိုလှောင်ရုံလက်ကျန်အားလုံး ရောင်းချရန် (၁) လ ကျော်ခန့်သာ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News