International News

ဗီယက်နမ်နိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများအနည်းငယ်လျော့ကျ

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဇွန်လ ၆ ရက်နေ့က စက်သုံးဆီဈေးနှုန်းများကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း Vietnam News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

RON92 စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၆၁၈ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၂၁,၁၄၁ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ RON95-III စက်သုံးဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၅၄၂ ကျဆင်းခဲ့ပြီး ဗီယက်နမ်ဒေါင် ၂၁,၉၇၇ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ဒီဇယ်ဆီဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၉,၄၂၂ ဖြင့် ရောင်းချလျက်ရှိပြီး ဗီယက်နမ်ဒေါင် ၃၂၅ ကျဆင်းခဲ့သည်။ ရေနံဆီဈေးနှုန်းမှာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၉,၅၅၇ ဖြင့်ရောင်းချလျက်ရှိပြီး ဗီယက်နမ်ဒေါင် ၃၂၅ လျော့ကျသွားကြောင်း ဖော်ပြထားပါ သည်။

အကြီးစားစက်သုံးဆီသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၇,၂၈၅ ရှိပြီး ဗီယက်နမ်ဒေါင် ၂၅၃ လျော့သွားပါသည်။

အဆိုပါ စက်သုံးဆီဈေးနှုန်း ပြုပြင်ပြောင်းလဲမှုအတွင်း ဝန်ကြီးဌာနနှစ်ခုသည် စက်သုံးဆီစျေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News