International News

အမေရိကန်နိုင်ငံ၏ ရေနံစိမ်း Inventory သည် ယခင်ရက်သတ္တပတ်အတွင်း မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံရှိ ရေနံစိမ်း Inventory သည် ယခင်ရက်သတ္တပတ်အတွင်း မြင့်တက်ခဲ့ ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၅-၆-၂၀၂၄ ရက်၌ “U.S. Crude Oil Inventories Rose Last Week” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ ရေနံစိမ်း Inventory သည် ဓာတ်ဆီနှင့် လောင်စာဆီသိုလှောင် ထိန်းသိမ်းထားသည့် ပမာဏများကဲ့သို့ မြင့်တက်ခဲ့ကြောင်း အမေရိကန်စွမ်းအင်အချက်အလက်များအုပ်ချုပ်ရေးဌာန (U.S. Energy Information Administration - EIA) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ မဟာဗျူဟာအရ အရန်သိုလှောင်ထိန်းသိမ်းထားသည့် ရေနံစိမ်းပမာဏကို ထည့်သွင်းတွက်ချက်ထားခြင်းမပြုဘဲ ရောင်းဝယ်ရန်အတွက် သိုလှောင်ထားသည့် ရေနံစိမ်းပမာဏသည် မေလ ၃၁ ရက်တွင် စည်ပေါင်း (၁.၂) သန်းတိုးလာခဲ့ရာ စည်ပေါင်း (၄၅၅.၉) သန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ဤသို့မြင့်တက်ခဲ့သည့် ပမာဏသည် ယခင် (၅) နှစ် ပျမ်းမျှ Inventories နှင့်နှိုင်းယှဉ်ပါက (၄) ရာခိုင်နှုန်းအထိ လျော့ကျလျက်ရှိသေးကြောင်း၊ အရန်သိုလှောင်ထိန်းသိမ်းထားသည့် ရေနံစိမ်း ပမာဏသည် စည်ပေါင်း (၈၉၈,၀၀၀) တိုးလာခဲ့သဖြင့် ရေနံစိမ်းစည်ပေါင်း (၃၇၀.၂) သန်းအထိ ရှိလာခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ရေနံစိမ်း အမျိုးအစားတစ်ခုဖြစ်သည့် Nymex ဖြန့်ဝေရာ အဓိကနေရာဖြစ်သည့် အိုကလာဟိုးမားပြည်နယ် Cushing မြို့ရှိ ရေနံစိမ်းသိုလှောင်ထားမှုပမာဏသည် စည်ပေါင်း (၈၅၄,၀၀၀) မြင့်တက်ခဲ့ရာ စည်ပေါင်း (၃၅.၄) သန်းအထိ ရှိလာခဲ့ကြောင်း၊ ရေနံစိမ်း သန့်စင်မှုမှာ (၉၅.၄) ရာခိုင်နှုန်းမှ (၉၄.၃) ရာခိုင်နှုန်းသို့ ရက်သတ္တပတ် (၅) ပတ် ဆက်တိုက် မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုသည် ယခင်ရက်သတ္တပတ်အတွင်း ထုတ်လုပ်ခဲ့သည့် ပမာဏဖြစ်သော တစ်ရက်လျှင် စည်ပေါင်း (၁၃.၁) သန်းအတိုင်း ထုတ်လုပ်လျက်ရှိသည်ဟု EIA ကဆိုကြောင်း၊ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းသွင်းကုန်သည် တစ်ရက်လျှင် စည်ပေါင်း (၂၈၉,၀၀၀) အထိ တိုးလာခဲ့သော်လည်း ပို့ကုန်မှာတစ်ရက်လျှင်စည်ပေါင်း (၂၇၆,၀၀၀) အထိ မြင့်တက်ခဲ့ကြောင်း သွင်းကုန်နှင့် ပို့ကုန်မျှခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။ ဓာတ်ဆီ Inventory သည် စည်ပေါင်း (၂.၁) သန်း မြင့်တက်ခဲ့သဖြင့် စုစုပေါင်းလက်ကျန်စည်ပေါင်း (၂၃၀.၉) သန်းအထိ ရှိလာခဲ့ကြောင်းနှင့် ယင်းကျဆင်းမှုသည် ယခင် (၅) နှစ်အတွင်းပျမ်းမျှ  ဓာတ်ဆီ Inventory အောက်(၁) ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ မေလ (၁၇) ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်အများအရ ရေနံစိမ်း Inventory သည် စည်ပေါင်း (၁.၈) သန်းတိုးလာခဲ့ရာ စည်ပေါင်း (၄၅၈.၈) သန်းအထိ မြင့်တက်လာခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ရေနံစိမ်း သိုလှောင်ထိန်းသိမ်းထားသည့် လက် ကျန်ပမာဏမှာ ဆက်တိုက်မြင့်တက်လျက်ရှိပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News