International News

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Lao Cai ပြည်နယ်သည် သယ်ယူပို့ဆောင်ရေးစီမံကိန်း ၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိတ်ခေါ်

Last Updated:

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Lao Cai ပြည်နယ် ဥက္ကဋ္ဌသည် ရင်းနှီးမြှုပ်နှံမှုအတွက် အကျုံးဝင်မည့် သယ်ယူပို့ဆောင်ရေး စီမံကိန်း ၅ ခု စာရင်းကို ၂၀၂၄ ခုနှစ်တွင် အတည်ပြုခဲ့ပြီး စုစုပေါင်း မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၂၀ ထရီလီယံ (ဒေါ်လာ ၇၈၆ သန်း) ရှိကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါ လုပ်ငန်းများမှာ Sa Pa လေဆိပ်၊ Sa Pa လေဆိပ်နှင့် Sa Pa မြို့ကို ဆက်သွယ်သည့် အမြန်လမ်း၊ Dong Pho Moi ကုန်းတွင်းဆိပ်ကမ်း၊ Kim Thanh – Ban Vuoc ကုန်းတွင်း ဆိပ်ကမ်းနှင့် Sa Pa လေဆိပ်အတွက် ကုန်းတွင်းဆိပ်ကမ်းတို့ ပါဝင်ကြောင်း ဖော်ပြထားပါ သည်။

Sa Pa လေဆိပ်သည် ပြည်နယ်၏ အဓိက စီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး ပထမအဆင့်တွင် တစ်နှစ်လျှင် ခရီးသည် ၁.၅ သန်းနှင့် ဒုတိယအဆင့်တွင် ၃ သန်း ဝန်ဆောင်မှုပေးရန် ရည်ရွယ် ထားသည်။ Bao Yen ခရိုင်တွင် ၃၇၁ ဟက်တာကျယ်ဝန်းပြီး အဆိုပါ စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှု ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၆.၉ ထရီလီယံ (ဒေါ်လာ ၇၂၁ သန်း) ကျော်လိုအပ်မည်ဖြစ်သည်။

Sa Pa မြို့နှင့် Sa Pa လေဆိပ်ကို ဆက်သွယ်မည့် အမြန်လမ်းသည် ၆၆ ကီလိုမီတာ ရှည်လျားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဗီယက်နမ်ဒေါင် ၁၃ ထရီလီယံ (ဒေါ်လာ သန်း ၅၁၀) လိုအပ်မည်ဖြစ်သည်။ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီကို ၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အတည်ပြုထားသော စီမံကိန်းများသည် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး ဒေသတွင်း ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုဆွဲဆောင်နိုင်မည့်အပြင် ဒေသတွင်း စီးပွားရေးတိုးတက်မှုအတွက် သိသိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

 

 Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News