International News

၂၀၂၄ ခုနှစ်၊ မတ်လ စားသုံးသူဈေးဆနှုန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

၂၀၂၄ ခုနှစ်၊ မတ်လ စားသုံးသူဈေးဆနှုန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်ဝက်ဘ်ဆိုက်၌ ၁၀-၄-၂၀၂၄ ရက်တွင် “Statement from President Joe Biden on the March Consumer Price Index” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၁၀-၄-၂၀၂၄ ရက်တွင် ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်း အစီရင်ခံစာအရ အမေရိကန်နိုင်ငံ ၏ ငွေကြေးဖောင်းပွမှုသည် (၆၀) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် အလုပ် ကြိုးစားသည့် အမေရိကန်နိုင်ငံသား မိသားစုများအတွက် ဈေးနှုန်းများ လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေ့စဉ်စားသောက်ကုန်များဖြစ်သည့် နို့နှင့်ကြက်ဥတို့၏ ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်အောက် လျော့ကျခဲ့သော်လည်း အိမ်ငှားခနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် မြင့်မားနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် နေအိမ် (၂) သန်းခန့် ပြင်ဆင်/ တည်ဆောက်သွားမည်ဖြစ်ပြီး စားသောက်ကုန် လက္ကားရောင်းချသည့် လုပ်ငန်းကြီးများကိုလည်း ဈေးနှုန်းများလျှော့ချရန် ပြောကြားသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ဦးစားပေးလုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီကာလထက် လုပ်ခလစာ တိုးလာခဲ့ပြီး နှစ်ပေါင်း (၅၀) အတွင်း အလုပ်လက်မဲ့နှုန်းသည် (၄) ရာခိုင်နှုန်းအောက်တွင် အချိန် အကြာဆုံးရှိနေခဲ့ပါကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်၊ ဆေးဝါးစရိတ်၊ ကျောင်းသား ချေးငွေနှင့် မလိုလားအပ်ဘဲ ပေးနေရသည့် အခကြေးငွေ (Hidden Junk fees) တို့ကို လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News