International News

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွက် ကုန်သွယ်မှုလိုငွေကျဆင်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ပို့ကုန်ပမာဏ အနည်းငယ် မြင့်တက်ခဲ့ခြင်း ကြောင့် ကုန်သွယ်မှုလိုငွေ ကျဆင်းခဲ့ပါကြောင်း၊ ဇူလိုင်လက ကုန်သွယ်မှုလိုငွေပြမှုအမေရိကန်ဒေါ်လာ ၄.၈၇ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၄.၃၈ ဘီလီယံသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ကုန်သွယ်ရေးလိုငွေသည် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက သိသိသာသာ ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အမေရိကန်ဒေါ်လာ ၆.၇၃ ဘီလီယံရှိရာမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၆.၇၅ ဘီလီယံဖြင့် ၀.၃% မြင့်တက်ခဲ့ပါကြောင်း၊ ပို့ကုန်တင်ပို့မှုများအနက် Other manufactured goods တင်ပို့မှုကဏ္ဍမှ အများဆုံးတိုးမြင့်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉၁.၇၅ သန်းသို့ မြင့်တက်ခဲ့ပါ သည်။ ၎င်းနောက်မှ Copper Concentrates နှင့် Machinery and transport equipment တို့အသီးသီးရပ်တည်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ၂၀၂၄ ခုနှစ် အလားတူ ၈ လတာကာလတွင် ပို့ကုန်ပမာဏ ၂.၃% ထိ မြင့်တက်ခဲ့ပါကြောင်း၊ Electronic Products သည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန်ကဏ္ဍတွင် ရပ်တည်နေပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၃.၅၇ သန်းထိ တင်ပို့နိုင်ခဲ့ပြီး ဩဂုတ်လအတွင်း စုစုပေါင်းပို့ကုန်ပမာဏ၏ တစ်ဝက်ကျော်ခန့်ထိ ရရှိခဲ့ပါကြောင်း၊ Manua̍ctured goods သည် ပုံမှန်အတိုင်း တင်ပို့မှုမြင့်မားသည့် ကဏ္ဍတစ်ခုဖြစ်နေပြီး Mineral နှင့် Agro-based products တို့မှ ဆက်လက်ပြီး အသီးသီး ရပ်တည်လျက်ရှိပါသည်။

အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်ထုတ်ကုန်များကို အများဆုံး ဝယ်ယူတင်သွင်းနေသည့် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး ၎င်း၏နောက်တွင် အာရှနိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်တို့မှ အသီးသီး ရပ်တည်လျက်ရှိပါသည်။ အရှေ့အာရှဒေသမှာဒေသတွင်း အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်ပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၈၃.၆% မှာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံများ Asia-Pacific Economic Cooperation (APEC) သို့ တင်ပို့နေခြင်းဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း သွင်းကုန်တင်သွင်းမှု သည် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၀.၈၃ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၁၁.၁၁၇ ဘီလီယံဖြင့် ၂.၇% သို့ မြင့်တက်ခဲ့ပါကြောင်း၊ Electronic Products များဝယ်ယူတင်သွင်းမှုနှင့် ၎င်းနောက်တွင် Transport equipment နှင့် Plastic တို့မှာ တစ်နှစ်ထက်တစ်နှစ် တင်သွင်းမှု ပိုမိုမြင့်မားလာခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် Raw materials နှင့် Intermediate goods များ တင်သွင်းမှုအများဆုံးဖြစ်ပြီး ၎င်းနောက်တွင် Capital goods နှင့်  Cosumer goods တို့မှ အသီးသီး ရပ်တည်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ  သွင်းကုန်တင်သွင်းမှုပမာဏ သည် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၈၄.၁၇ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၈၃.၇၀ ဘီလီယံဖြင့် ၀.၅% သို့ ကျဆင်းခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးသော သွင်းကုန်အရင်းအမြစ် တစ်ခုဖြစ်နေပြီး ၎င်းနောက်မှ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့မှ အသီးသီး ရပ်တည်လျက်ရှိပါသည်။

လတ်တလောဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းများနှင့်ရေကြီးရေလျှံခြင်းတို့အပြင်  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လသည် အမေရိကန်နိုင်ငံတွင် အားလပ်ရပ်ရှည်များနှင့် အလည်အပတ်ရာသီဖြစ်သဖြင့် ကမ္ဘာ့ကုန်သွယ်မှုအနည်းငယ်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Rizal Commercial Banking Corporation (RCBC) ၏ စီးပွားရေးပညာရှင် Michael Ricafort မှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အမေရိကန်ဒေါ်လာ ၁၇.၅၆ နှင့် ဘီလီယံနှိုင်းယှဉ်မည်ဆိုပါက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁၇.၈၇ ဘီလီယံသို့ ရောက်ရှိခဲ့သဖြင့် နှစ်စဉ်တိုးတက်မှုနှုန်း ၁.၈% မြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ကုန်သွယ်မှုစုစုပေါင်း၏ ၆၂.၂% မှာသွင်းကုန်ပမာဏဖြစ်ပြီး ကျန်ရှိသည့် ၃၇.၈% မှာ ပို့ကုန်ပမာဏဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၏ Balance of Trade နှစ်စဉ်တိုးတက်မှုနှုန်းမှာ(-၃၁.၅%)  ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၏ Balance of Trade နှစ်စဉ်တိုးတက်မှုနှုန်းမှာ (၆.၆%) သို့ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News