ဗီယက်နမ်နိုင်ငံသည် အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၅ သန်းရရှိခဲ့ပါသည်။ ယခုနှစ် ၁၀ လအတွင်း ပို့ကုန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၇.၈ သန်းနီးပါးတင်ပို့ခဲ့ပြီး ဤကဏ္ဍမှ ပို့ကုန်ရရှိငွေ အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံ ရရှိကြောင်း သိရှိရပါသည်။
ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ပျမ်းမျှ ပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၂၆.၂ ဖြင့် ခန့်မှန်းထားပြီး နှစ်စဉ် ၁၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန်တန်ချိန် ၈.၁၃ သန်း တင်ပို့ခဲ့ ကြောင်း သိရှိရပါသည်။ ယခုနှစ် ၁၀လအတွင်း ပြည်ပပို့ကုန်နှင့် ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်များ တိုးတက်လာခြင်းကြောင့် ယခုနှစ်ဆန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ထား သည့် စံချိန်ထက် ကျော်လွန်သွားဖွယ်ရှိပါကြောင်း ဖော်ပြထားသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကုန်သည်များ၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းသည် ယခင်အပတ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၀ မှ ၅၂၅ ဒေါ်လာအထိရှိပြီး ပြီးခဲ့သည့်တစ်ပတ်က ဈေးနှုန်း ၅၃၂ ဒေါ်လာပေါက် ဈေးထက်လျော့ကျခဲ့ကြောင်း သိရှိရပါသည်။
Bulog သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယတို့မှ ဆန်တန်ချိန် ၅၀၀,၀၀၀ ခန့် ၀ယ်ယူရန်အတွက် အောက်တိုဘာ ၂၄ ရက်နေ့က တင်ဒါခေါ်ယူခဲ့သည်။ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အောက်တိုဘာလအတွင်း အဆိုပါ ဆန်တန်ချိန် ၅၀၀,၀၀၀ တင်ဒါ၏ ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် စုစုပေါင်းဆန်တန်ချိန် ၈၅,၀၀၀ ကို အောင်မြင်စွာလေလံဆွဲနိုင်ခဲ့ကြောင်း ဆန်ဈေးကွက်သတင်းဝက်ဘ်ဆိုက် SSRicenews က ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source: Vietnam News
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)