International News

Digital asset ညီလာခံကို ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ လက်ခံကျင်းပသွားမည်

Last Updated:

ကမ္ဘာတစ်လွှားမှ virtual asset လုပ်ငန်းများကို ဆွဲဆောင်ပြီး ဟောင်ကောင်ဒေသကို virtual asset လုပ်ငန်းအတွက် အချက်အချာဒေသတစ်ခု ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ညီလာခံတစ်ခုဖြစ်သည့် ၂၀၂၅ Consensus အား ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ လက်ခံကျင်းပသွားမည်ဖြစ်သည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ထုတ် South China Morning Post သတင်းစာမှ “HK to host digital asset conference in 2025” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါညီလာခံကို ၂၀၂၅ ခုနှစ်အတွင်း Hong Kong Convention and Exhibition Center ၌ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ ကိုယ်စားလှယ် ၁၀,၀၀၀ ပါဝင်တက်ရောက်ရေးအတွက် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ပွဲစီစဉ်သူ အမေရိကန် ဒီဂျစ်တယ်ငွေကြေး media outlet တစ်ခုဖြစ်သည့် CoinDesk က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ညီလာခံများအနက် အကြီးဆုံးတစ်ခုဖြစ်သည့် အဆိုပါညီလာခံ၏ ၂၀၂၄ ခုနှစ်အတွက်ပြုလုပ်သည့် အခမ်းအနားကို တက္ကဆက်မြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ညီလာခံကို ဟောင်ကောင်ဒေသ၌ လက်ခံကျင်းပသွားနိုင်မှုနှင့် စပ်လျဉ်း၍ ဒေသ၏ ဒစ်ဂျစ်တယ်ငွေကြေးအပေါ် အထောက်အပံ့ပြုသည့် မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းသစ်များအပေါ် ဒေသခံနှင့် တရုတ်ပြည်မမှ ဒစ်ဂျစ်တယ် ငွေကြေးလုပ်ငန်းများ အပြုသဘောတုံ့ပြန်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသကို ဒစ်ဂျစ်တယ်ငွေကြေး လုပ်ငန်းအတွက် အချက်အချာဒေသတစ်ခုအဖြစ် ဖော်ဆောင်သွားမည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် InvestHK နှင့် ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့်ဟောင်ကောင်ဒေသတွင် ကျင်းပမည့် ၂၀၂၅ Consensus သည် အမေရိကန်မှ လုပ်ငန်းများနှင့် ဟောင်ကောင်ဈေးကွက်တို့ကို ချိတ်ဆက်နိုင်သည့် Platform ဖြစ်လာမည်ဟု InvestHK ငွေရေးကြေးရေးဝန်ဆောင်မှုနှင့် fintech အကြီးအကဲဖြစ်သူ King Leung က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၅ Consensus သို့ အမေရိကန်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ဒစ်ဂျစ်တယ်ငွေကြေး ကုမ္ပဏီများ၊ Fortune500 အမှုဆောင်အရာရှိချုပ်များ၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များ၊ အားကစားသမားများနှင့် ဂီတပညာရှင်များ ပါဝင်တက်ရောက်နိုင်ရန်မျှော်လင့်သည်ဟု CoinDesk ဥက္ကဋ္ဌ Foster Wright ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသအနေဖြင့် virtual asset လုပ်ငန်းများ ဟောင်ကောင်ဒေသသို့ လာရောက်ရေး ဆောင်ရွက်ချက်အနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင် ဒေသ၏ virtual asset လုပ်ငန်းများ ကြီးကြပ်မှု ဥပဒေစည်းမျဉ်းစည်းကမ်းများကို တဖြည်းဖြည်း တိုးချဲ့လာခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်အတွင်း၌ Centralized cryptocurrency exchanges (CEXs) အတွက် မဖြစ်မနေ လိုင်စင်ရယူရမည့်စနစ်ကို စတင်ခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News