International News

ယူအေအီးနိုင်ငံ၏ ခရီးသွားလုပ်ငန်း၀င်ငွေသည် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း AED ၃၃.၅ ဘီလီယံအထိ တိုးတက်လာခဲ့

Last Updated:

ယူအေအီးနိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်းဝင်ငွေ AED ၃၃.၅ ဘီလီယံကို ဟိုတယ်လုပ်ငန်းများမှထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ် ကြည့်ပါက၄ % တိုးတက်လာသဖြင့် နိုင်ငံရှိခရီးသွားကဏ္ဍမှာတည်ငြိမ်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံရှိပြည်နယ် ၇ ခုတွင် ပျမ်းမျှဟိုတယ်တည်းခိုမှုနှုန်းထားမှာ ၇၇.၈ % အထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ်တွင်အမြင့်မားဆုံးသော ဟိုတယ်တည်းခိုမှုနှုန်းထားတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစက်တင်ဘာလအထိ ဟိုတယ်ညအိပ်တည်းခိုမှုပေါင်း ၇၅.၅ သန်း ခန့်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈  % တိုးတက်လာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်ကို ကိုင်ရိုမြို့ရှိအာရပ်နိုင်ငံများအထွေထွေအတွင်းရေးမှူးရုံးဌာနချုပ်၌ ကျင်းပ ပြုလုပ်သည့် ၂၇ ကြိမ်မြောက် အာရပ်ခရီးသွားဝန်ကြီးများကောင်စီအစည်းအဝေးတွင် ပါဝင်တက် ရောက်ခဲ့သော ယူအေအီးကိုယ်စားလှယ်အဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါသည်။

ယူအေအီးကိုယ်စားလှယ်အဖွဲ့သည် ခရီးသွားကဏ္ဍတွင် အာရပ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် မည့် နိုင်ငံ၏ကတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ပြီး ၎င်းတို့၏အခန်းကဏ္ဍသည် အရေးပါသောစီးပွား ရေးတွန်းအားနှင့် အာရပ်ဒေသတွင် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကပံ့ပိုးသူ အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

အာရပ်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများသည် စီးပွားရေးအကျိုးအမြတ်များထက်ကျော်လွန်၍ ယဉ်ကျေးမှုဆိုင်ရာပေါင်းစည်းမှုကိုမြှင့်တင်ရန်၊ ကြွယ်ဝသောအာရပ်အမွေအနှစ်များကို ထိန်းသိမ်းရန်နှင့် အာရပ်လူမျိုးများ၏မျှဝေခံစားခွင့်ကိုခိုင်မာစေမည့် လမ်းကြောင်းတစ်ရပ်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုလည်း ၎င်းတို့ကအလေးပေးဖော်ပြခဲ့ပါသည်။

Source:Emirates News Agency

Economic Counsellor (Dubai)

Category: International News