German Federal Statistical Office (Destatis) မှ ၁၁-၁၂-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ သော ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ကပ်ရောဂါ အကြိုကာလ ၂၀၁၉ ခုနစ်ကထက် စံချိန်တင်ပိုမိုများပြားတိုးတက်ခဲ့ကြောင်း သိရှိရ ပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ဂျာမနီနိုင်ငံတွင် ညအိပ်တည်းခိုနေထိုင်သူဦးရေ (၄၃၃) သန်းခန့်ရှိကြောင်း Destatis က မှတ်တမ်းတင်ထားခဲ့ပါသည်။
ဥရောပခရီးသွားလုပ်ငန်းအတွက် အကျော်ကြားဆုံးလဖြစ်သည့် သြဂုတ်လတွင် ညအိပ်တည်းခို နေထိုင်သည့် ဧည့်သည် (၅၉) သန်းခန့်ရှိကြောင်း Destatis က ဖော်ပြထားရာ ယင်းပမာဏသည် ဧည့်သည်ဦးရေ စံချိန်တင်မြင့်မားခဲ့သော ကပ်ရောဂါမတိုင်မီကာလ ၂၀၁၉ ခုနှစ်၏ ဧည့်သည် ဦးရေ (၅၈.၈) သန်းထက် ပိုမိုများပြားခဲ့ပြီး၊ ယမန်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လကထက် ၃.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီတွင် ကုန်ကျစရိတ်များ မြင့်တက်နေသော်လည်း ခရီးသွားလာသူဦးရေ ကိန်းဂဏန်းများ များပြားလာခြင်းမှာ ငွေကြေးဖောင်းပွမှုမြင့်မားပြီး နိုင်ငံ့စီးပွားရေး ရပ်တန့်နေချိန်၌ ဂျာမနီတွင် နေထိုင်သူများက ၎င်းတို့၏ အားလပ်ရက်များကို ပြည်တွင်းခရီးသွားလာခြင်းအပေါ် အလေးပေး လာသည့်အတွက် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီ၏ အထင်ကရဖြစ်သော ခရစ္စမတ်စျေး (Christmas Market) များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များက အနှစ်သက်ဆုံးဖြစ်သဖြင့် ၂၀၂၄ ခုနှစ်၏ လက်ကျန်ကာလများတွင်လည်း ခရီးသွားဦးရေ အားကောင်းနေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။
Source: https://www.dw.com/en/germany-sees-record-tourism-in-2024/a-71023782
စီးပွားရေးသံမှူး၊ ဘာလင်