International News

အမေရိကန်အစိုးရသည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ခံနိုင်စွမ်းရှိမှုကို ပံ့ပိုးရန် Corning ကုမ္ပဏီနှင့် Powerex ကုမ္ပဏီတို့နှင့် ပဏာမသဘောတူညီခဲ့

Last Updated:

 အမေရိကန်အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CHIPS and Science Act အရ Corning ကုမ္ပဏီအား အမေရိကန်ဒေါ်လာ (၃၂) သန်းနှင့် Powerex ကုမ္ပဏီအား အမေရိကန် ဒေါ်လာ(၃) သန်းအထိ တိုက်ရိုက်ပံ့ပိုးပေးရန်သွားရန် ပဏာမသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပါသည်။ အဆိုပြုရင်းနှီးမြှုပ်မှုအစီအစဉ်များအရ နယူးယောက်မြို့ရှိ Corning ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့ရာတွင် ရန်ပုံငွေများကို အသုံးပြုသွားမည်ဖြစ်ပြီး တိုးချဲ့ ဆောက်လုပ်မည့်ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အရေအတွက် (၃၀၀) နေရာကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ Powerex ကုမ္ပဏီ၏အဆိုပြုလုပ်ငန်းအစီအစဉ်သည် ပင်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ ကုမ္ပဏီ၏ကုန်ထုတ်လုပ်ငန်းများတိုးချဲ့ရန်နှင့် အဆင့်မြှင့်တင်ရန်ဆောင်ရွက်မည်ဖြစ်ရာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကုန်ထုတ် လုပ်ငန်းအလုပ်အကိုင်အရေအတွက် (၇၅) နေရာအထိ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲသည် နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုများစွာရှိရာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်အောင်၊ ငွေကြေးဖောင်းပွမှုကျဆင်းအောင် ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်သူများက ယုံကြည်လျက်ရှိကြပြီး ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက်ရက်သတ္တပတ်အတွင်း ဈေးကွက်တုံ့ပြန်မှုများဖြစ်သည့် စတော့ရှယ်ယာဈေးနှုန်းမြင့်တက်ခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခြင်း၊ ရေနံဈေးနှုန်းများ ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။  

(ဇစ်မြစ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News