International News

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထောက်ပံ့ပေးမည့်စီမံချက် (Credit Guarantee Project) ဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၏ ၂၀၃၀ ပြည့်နှစ်တွင် ကဏ္ဍ ၈ ခု၌ အချက်အချာဖြစ်စေရမည့် “Ignite Thailand” မျှော်မှန်းချက်ကို အထောက်အကူပြုနိုင်ရေးအတွက် ဘတ် ၅၀ ဘီလီယံ ချေးငွေ ထောက်ပံ့ ပေးမည့် အစီအစဉ်ကို  အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသွားရန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေဖြစ်လွယ်မှုအတွက် အတိုးနှုန်းနည်းပါးသော ချေးငွေထုတ်ပေးရန် Government Saving Bank (GSB) ကို ညွှန် ကြားထားပါကြောင်း၊ ဝန်ကြီးချုပ်မြှင့်တင်လိုသည့် အဓိက နယ်ပယ် ၃ ခုဖြစ်သော ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးနှင့် အစားအစာ ကဏ္ဍများအတွက် အထောက်အကူပြုရန် ဖြစ်ကြောင်း၊ ယခုကဲ့သို့ စီမံဆောင်ရွက်ချက်များကြောင့် ထိုင်းနိုင်ငံ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ ဘဏ္ဍာငွေဖြစ်လွယ်မှု မြင့် တက်စေရန်နှင့် ဈေးကွက်ယှဉ်ပြိုင်စွမ်းအား မြင့်တက်စေရန်သာမက နိုင်ငံစီးပွားရေးတွင် ငွေစီးဆင်းစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်လည်းဖြစ်ပါကြောင်း အစိုးရ၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူ Ms. Rudklao Intawong Suwankiri က ပြောကြားခဲ့ သည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာငွေဝန်ထုပ်ဝန်ပိုးလျော့ပါးသက်သာ စေရန် ယခင် ၂ နှစ် ချေးငွေကင်းလွတ်ခွင့်မှ ယခုအခါ ၃ နှစ်ချေးငွေကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း၊ ချေးငွေကာလမှာ ၁၀ နှစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ချေးငွေကာလမတိုင်ခင် အထောက် အပံ့ကို ရပ်ဆိုင်းနိုင်ကြောင်း၊ လက်ရှိတွင် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအပါ အဝင် ဝန်ဆောင်မှုကဏ္ဍ ၁၂ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်း၊ အစားအစာနှင့် စိုက်ပျိုးရေး ကဏ္ဍ ၁၀ ရာခိုင်နှုန်းကို လွှမ်းခြုံသော ချေးငွေ ဘတ် ၁၀၀ ဘီလီယံ ရှိပါကြောင်း ထိုင်းချေးငွေထောက်ပံ့ပေးရေး ကော်ပို ရေးရှင်း၏ အထွေထွေမန်နေဂျာ Mr. Sittikorn Direksoonthorn က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ၏ ဝင်ငွေကို နိုင်ငံ GDP တွင် ပါဝင်မှု မြင့်တက်စေရန် အစိုးရက ဦးတည်ကြိုးပမ်းလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် SME များတွင် ဘဏ္ဍာငွေ လိုအပ်ချက်ရှိနေဆဲဖြစ်ရာ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍငွေ ဝန်ထုပ်ဝန်ပိုး သက်သာစေရန် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

 

 

Source: www.bangkokpost.com၊  

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Category: International News