International News

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း အာဆီယံနှင့် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၁၂ ရာခိုင်နှုန်း နီးပါးတက်လာ

Last Updated:

အာဆီယံနှင့် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအထိ တိုးတက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ  အကောက်ခွန်ဦးစီးဌာန ၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုးသည်အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

အာဆီယံနိုင်ငံများအနက် သွင်းကုန်တင်သွင်းသူများတွင် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၈၇ ဘီလီယံ၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၂.၉၇ ဘီလီယံ၊ ဖိလစ်ပိုင်နိုင်ငံကဒေါ်လာ ၂.၉၂ ဘီလီယံနှင့် မလေးရှားနိုင်ငံကဒေါ်လာ ၂.၆၁ ဘီလီယံတို့ဖြင့် ဦးဆောင်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့သည် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၉ သန်း၊ အမေရိကန်ဒေါ်လာ ၁၄၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၅၉ သန်း အသီးသီးရှိကြပြီး အုပ်စုတွင်း ပို့ကုန်အနိမ့်ဆုံးဈေးကွက်များဖြစ်ကြောင်း ဖော်ပြထားသည်။

ဘရူနိုင်းနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၄၉၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၉ သန်းအထိ ရှိလာခဲ့သည်။ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ ကဲ့သို့သော အခြားဈေးကွက်များတွင် ပို့ကုန်တိုးတက်မှုသည် ၂၅ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် အခြားအာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းတင်သွင်းခြင်းအတွက် အမေရိ ကန်ဒေါ်လာ ၂၂.၅ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး အဆိုပါ သွင်းကုန်တန်ဖိုးသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကုန်ပစ္စည်းအများဆုံး တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံ တန်ဖိုးရှိကြောင်း သိရှိရပါသည်။ ၎င်း၏နောက်တွင် အင်ဒိုနီးရှားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၄.၇၈ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တင်ပို့မှုတွင် ဒုတိယ အကြီးဆုံးနှင့် မလေးရှားနိုင်ငံမှဒေါ်လာ ၄.၇၂ဘီလီယံ တင်ပို့ပြီးတတိယအကြီးဆုံးဖြစ်ကြောင်း၊ကမ္ဘောဒီးယားနိုင်ငံမှ ဒေါ်လာ ၂.၆၉ ဘီလီယံဖြင့် စတုတ္တနေရာတွင်ရှိနေပြီး၊ စင်ကာပူနိုင်ငံမှ ဒေါ်လာ ၂.၄၈ ဘီလီယံရှိပြီး ပဥ္စမနေရာနှင့် ဖိလစ်ပိုင်နိုင်ငံမှ တင်ပို့မှုမှာ ဒေါ်လာ ၁.၂၇ ဘီလီယံရှိပြီး ဆဋ္ဌမမြောက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic News                                      

 (စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News