International News

တရုတ်မော်တော်ကားများသည် ကမ္ဘာ့ဝယ်လိုအားကို ဖြည့်ဆည်းရန် ကြိုးပမ်းနေကြ

Last Updated:

ကုန်ကျစရိတ်သက်သာမှု၊ ပိုမိုကောင်းမွန်သော အရည်အသွေးနှင့် ရောင်းချပြီးနောက်ထိရောက်သောဝန်ဆောင်မှုများကြောင့် တရုတ်စွမ်းအင်သစ်သုံးကားများသည် နိုင်ငံအများအပြား အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုကြီးမားသောဈေးကွက်ဝေစုကို ဆက်တိုက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပမှဖောက်သည်များသည် ၎င်းတို့၏ လိုအပ်ချက်များကို အလျင်အမြန်တုံ့ပြန်စေလိုပြီး ထောက်ပံ့ရေးကွင်းဆက်နှင့်ပတ်သက်၍ စိုးရိမ်မှုများရှိသောကြောင့် မကြာသေးမီကတရုတ် NEVs နှင့် မော်တော်ယာဥ်အစိတ်အပိုင်းထုတ်လုပ်သူများသည် ၎င်းတို့၏ထုတ်လုပ်မှုဆိုင်ရာ အဆောက်အဦများကို ပြည်ပ၌ ရင်းနှီးမြှုပ်နှံလာကြပြီး ဥရောပအလယ်ပိုင်းနှင့် မက္ကဆီကိုတို့သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် အဓိကနေရာများ ဖြစ်လာကြကြောင်း သိရှိရပါသည်။

အချို့သော အနောက်နိုင်ငံများရှိ နိုင်ငံရေးသမားများနှင့် မီဒီယာများက တရုတ်နိုင်ငံသည် အလွန်အကျွံထုတ်လုပ်နေပြီး ပိုလျှံနေသောကုန်ပစ္စည်းများကို ပြည်ပတွင် စျေးနှုန်းချိုသာစွာ ရောင်းချနေသည်ဟု ပြောဆိုကြသော်လည်း ကျွမ်းကျင်သူများနှင့် စီးပွားရေးအမှုဆောင်အရာရှိ များကမူ အဆိုပါအယူအဆသည် အခြေအမြစ်မရှိဟု ပြောကြားခဲ့ပြီး တရုတ် EV များနှင့် ဆက်စပ် ပစ္စည်းထုတ်လုပ်သူများ၏ ပြည်ပတွင် အခြေချလာမှုသည် ကမ္ဘာအဝန်း၌ ပတ်ဝန်း ကျင်ထိခိုက်မှု မရှိသော စွမ်းအင်အသွင်ကူးပြောင်းမှုကို အထောက်အကူဖြစ်‌စေပြီး ကုန်ကျ စရိတ်များကို လျှော့ချနိုင်သဖြင့် သုံးစွဲသူများအား အကျိုးရှိစေရုံသာမက ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်သူများအတွက် ကြီးမားသော အခွင့်အလမ်းများကိုပါ ပေးဆောင်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြည်ပမီဒီယာအချို့သည် မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုကို အလွန်အကျွံထုတ်လုပ်ခြင်းအဖြစ် သတ်မှတ်ကာ စုပုံတင်သွင်းခြင်းဟု ပြောဆိုနေကြကြောင်း၊ တရုတ်အမှတ်တံဆိပ်တပ်ထားသော မော်တော်ယာဉ်များ၏ ပို့ကုန်စွမ်းဆောင်ရည်မှာ ထုတ် ကုန်အရည်အသွေး တိုးတက်လာမှု၊ နည်းပညာအဆင့်မြှင့်တင်မှုနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းဝန်ဆောင်မှုများကြောင့်ဟု တရုတ်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်း၏ လက်ထောက် အထွေထွေအတွင်းရေးမှူး Fu Bingfeng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်လအတွင်း ကားအစီးရေ (၈၃၁,၀၀၀) ခန့် တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂၁.၉) ရာခိုင်နှုန်း တိုးလာကြောင်းနှင့် ယင်းတို့အနက် (၂၈၅,၀၀၀) သည် NEVs များဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် (၁၁.၁) ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု အသင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းသည် လက်ရှိတွင် အကူးအပြောင်းကာလ (သမာ ရိုးကျ လောင်စာဆီမှ စွမ်းအင်သစ်သို့) တစ်ခုဖြစ်ကြောင်း၊ ယင်းအကူးအပြောင်းကာလအတွင်း စျေးကွက်ဝယ်လိုအားထက် ရင်းနှီးမြုပ်နှံမှုသည် မော်တော်ယာဉ်လုပ်ငန်းစုအတွက် ပုံမှန်ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာတစ်ခုဖြစ်ကြောင်း၊ လောင်စာဆီသုံးယာဉ်များကို NEVs များဖြင့် တဖြည်းဖြည်း အစားထိုးသွားမည်ဖြစ်၍ ကုမ္ပဏီများသည် လက်ရှိစက်ရုံများကို ပြန်လည်ပြုပြင်ပြီး NEVs များ ထုတ်လုပ်သည့်ပုံစံကို ကူးပြောင်းသွားမည်ဖြစ်သောကြောင့် ထုတ်လုပ်မှုစွမ်းရည်ကို ချိန်ညှိရန် အချိန်လိုအပ်သည်ဟု Fu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202405/31/WS66592ab7a31082fc043ca 2d0.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News