International News

ဗီယက်နမ်နိုင်ငံ၏ ဓာတ်ဆီဈေးမှာ အပြောင်းအလဲမရှိသော်လည်း ဒီဇယ်ဈေးနှုန်း မြင့်တက်လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပူးတွဲဆုံးဖြတ်ချက်အရ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အထူးသဖြင့် ဒီဇယ်ဆီဈေးနှုန်းသည် မတ် ၁၄ ရက်က တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၀ မှ ၃၀၀ ထိမြင့်တက်ခဲ့ပြီး အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

အထူးသဖြင့် RON 95-III ဓာတ်ဆီသည် ၁၀ ဒေါင် ကျဆင်းသွားကာ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃,၅၄၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ RON 92 မှာ ၂၀ ဒေါင် ကျဆင်းသွားပြီး တစ်လီတာလျှင် ဗီယက်နမ်ဒေါင်၂၂,၄၉၀ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ပထမအမျိုးအစားဖြစ်သည့် ဒီဇယ်ဆီ အပျော့စားမှာ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၀,၅၄၀ ဖြင့် ယခင်ထက် ၇၀ ဒေါင် မြင့်တက်သွားကြောင်း၊ ဒုတိယအမျိုးအစားမှာ ဗီယက်နမ်ဒေါင် ၁၀၀ မြင့်တက်ပြီး ၂၀၇၀၀ ဒေါင်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တတိယအမျိူးအစားဖြစ်သည့် အကြီးစားလောင်စာဆီမှာ ဗီယက်နမ်ဒေါင် ၂၆,၄၃၀ ဖြင့် ရောင်းချလျက်ရှိပြီး ၃၀၀ ဒေါင်မြင့်တက်သွားကြောင်း ဖော်ပြထားသည်။

အဆိုပါစျေးနှုန်း ချိန်ညှိမှုအတွင်း စက်သုံးဆီတွင် အပိုအခကြေးငွေ ကောက်ခံခြင်း မရှိကြောင်း၊ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃၀၀ ဖြင့် ရောင်းချသော အကြီးစား စက်သုံးဆီများမှလွဲ၍ ပြည်တွင်းစက်သုံးဆီ ကုန်သည်များအနေဖြင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေး ရန်ပုံငွေကို အသုံးပြုခွင့် မပြုခဲ့ကြောင်း သိရပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News