International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပထမဆုံးသော ဆေးဝါးစက်မှုဇုန်ကို တည်ထောင်သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်း ကျန်းမာရေးဦးစီးဌာနသည် Binh Chanh ၏ အစွန်အဖျားခရိုင်ရှိ Le Minh Xuan 2 စက်မှုဥယျာဉ်အတွင်း ဆေးနှင့် ဆေးဝါးစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ စက်မှုဥယျာဉ်သည် ၃၃၈ ဟက်တာ ကျယ်ဝန်းပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေးနှင့် ဆေးဝါးထုတ်ကုန်များနှင့် ဆက်စပ်နည်းပညာမြင့် ပစ္စည်းများ ဖြန့်ဖြူးရေးတို့အတွက် အချက်အချာနေရာတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းကို ၂၀၃၀ တွင် ပြီးစီးရန်မျှော်လင့်ထားကြောင်း၊ ဤလုပ်ဆောင် ချက်သည် ဟိုချီမင်း၏ ဆေးဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဆေးဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ ခုနှစ်အတွက် သတ်မှတ်ထားသော ရည်မှန်းချက်များ၊ ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်များပါရှိကြောင်း၊ အဆိုပါကြိုးပမ်းမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ဆေးဝါးကဏ္ဍတွင် နည်းပညာလွှဲပြောင်းမှုမြှင့်တင်ရန် အစိုးရ၏ မဟာဗျူဟာနှင့် ကိုက်ညီကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ဆေးဝါးများ တင်သွင်းမှုအပေါ် မှီခိုအားထားမှုကို လျှော့ချလိုပြီး အရည်အသွေးမြင့် စျေးနှုန်းအပြိုင်အဆိုင် ဆေးဝါးထုတ်ကုန်များကို တင်ပို့ရောင်းချလိုကြောင်း သိရှိရပါသည်။

 

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

Category: International News