တရုတ်နိုင်ငံ၏ စာပို့လုပ်ငန်းကဏ္ဍသည် ယခုနှစ် ပထမ ၁၀ လအတွင်း လုပ်ငန်းပမာဏနှင့် ဝင်ငွေနှစ်ခုစလုံး၌ ဂဏာန်းနှစ်လုံးသို့တိုးတက်လာခဲ့ကြောင်း နိုင်ငံတော်စာတိုက်ဗျူရိုမှ ထုတ်ပြန် သောအချက်အလက်များအရ သိရှိရပါသည်။
ဖော်ပြပါကာလအတွင်း အဆိုပါကဏ္ဍ၌ ပါဆယ်ထုပ်ပေါင်း ၁၅၅.၅ ဘီလီယံကို ပို့ဆောင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၉ .၉ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း၊ ယင်းတို့အနက် နိုင်ငံတစ်ဝှမ်း နေ့ချင်း ပို့ဆောင်ပေးသော ကုမ္ပဏီများမှပေးပို့သည့် ပါဆယ်ထုပ်များသည် ၁၄၀ ဘီလီယံကျော်ရှိပြီး ကာလတူထက် ၂၂ .၃ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း၊ လုပ်ငန်းလည်ပတ်မှုဝင်ငွေအနေဖြင့် ယွမ် ၁.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉၄.၄၇ ဘီလီယံခန့်) ယခင်နှစ်ကာလတူထက် ၁၀.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အောက်တိုဘာလတစ်လတည်းတွင် ပါဆယ်ထုပ်ပေါင်း ၁၇.၈၄ ဘီလီယံကို ပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကိန်းဂဏန်းအချက်အလက်ဖော်ပြချက်များအရ သိရှိရပါသည်။
အဆိုပါကဏ္ဍတိုးတက်ခဲ့ခြင်းသည် အောက်တိုဘာလက တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည် ကုစားနိုင်ရေးအတွက် နိုင်ငံတော်စီးပွားရေးတိုးတက်စေမည့်မူဝါဒများချမှတ်ပြီးနောက်ပိုင်း စားသုံးမှု၊ ဝန်ဆောင်မှုများနှင့် နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာတိုးတက်မှုများရရှိခဲ့သည်ကို ညွှန်ပြလျက်ရှိကြောင်း တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်သည့်အချက်အလက်များအရ သိရှိရပါသည်။
အောက်တိုဘာလတွင် လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စက်တင်ဘာလတွင် ၃.၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရှိရပါသည်။
Source: http://en.people.cn/n3/2024/1115/c90000-20242689.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ