International News

ဗီယက်နမ်နိုင်ငံရှိ စက်သုံးဆီဆိုင်များသည် မတ်လကုန်တွင် ငွေပေးချေမှုစည်းမျဉ်းအသစ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြား

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) သည် အီလထရွန်းနစ်ငွေတောင်း ခံလွှာဆိုင်ရာ စည်းမျဉ်းများကို အကောင်အထည်ဖော်ရန်နှင့် စည်းမျဉ်းများနှင့်အညီ အီလက်ထရွန်းနစ် ငွေတောင်းခံလွှာဒေတာများကို အဓိကကုန်သည်များနှင့် စက်သုံးဆီ ဖြန့်ဖြူးသူများထံ တရားဝင်ပေးပို့ခဲ့သည်။

မတ်လ ၅ ရက် နေ့စွဲပါ အစိုးရပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် ၂၈ ဖြင့် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများ၊ ရုံးခွဲများနှင့် ဒေသန္တရအာဏာပိုင်များအား စစ်ဆေးမှုများ အားကောင်းစေရန် နှင့် မတ်လအတွင်း စက်သုံးဆီလုပ်ငန်းနှင့် လက်လီလုပ်ငန်းများအတွက် အီလက်ထရွန်းနစ် ပြေစာများ စီမံခန့်ခွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖော်ပြထားပါသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ယခုလကုန်တွင် အကောင်အထည်ဖော်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းများအား သင့်လျော်သော အစီအမံများ ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးချုပ်က ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန MOIT တို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ဒေသအလိုက် တာဝန်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ လိုက်နာခြင်းမရှိပါက လုပ်ငန်း လည်ပတ်မှု ယာယီရပ်ဆိုင်းရန် သို့မဟုတ် ဥပဒေပါ ပြဋ္ဌာန်းချက်များအရ လုပ်ငန်းလိုင်စင်နှင့် လက်မှတ်များ ရုပ်သိမ်းခံရနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

MOIT မှ စက်သုံးဆီကုန်သည်များအနေဖြင့် အကြံပြုထားသည့် စက်သုံးဆီ ရောင်းဝယ်မှု ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန်၊ စက်သုံးဆီ လက်လီရောင်းချသည့် စီးပွားရေး လုပ်ငန်းများအတွက် အီလက်ထရွန်းနစ် ငွေတောင်းခံလွှာများပြုလုပ်ခြင်း၊ အထူးသဖြင့် လက်လီရောင်းချမှု တစ်ခုချင်းစီအလိုက် သုံးစွဲသူများအတွက် လက်လီဆိုင်များတွင် အီလက်ထရွန်းနစ် ငွေတောင်းခံလွှာများ ပြုုလုပ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အီလက်ထရွန်းနစ် ငွေတောင်းခံလွှာဒေတာများ ပေးဆောင်ခြင်းတို့ကို အလေးအနက်ထား ဆောင်ရွက်ရန် အကြံပြုထားသည်။

ဖေဖော်ဝါရီ ၂၆ ရက်အထိ နိုင်ငံတစ်ဝန်းတွင် ရောင်းချမှုတစ်ခုစီအတွက် အီလက်ထရွန်းနစ် ပြေစာများထုတ်ပေးသည့် ရေနံလက်လီအရောင်းဆိုင်ပေါင်း ၇,၅၄၂ ဆိုင်ရှိကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။   

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် စက်သုံးဆီလက်လီဆိုင်ပေါင်း ၁၇,၀၀၀ ခန့်ရှိပြီး နိုင်ငံတစ်ဝှမ်းတွင် ဓာတ်ဆီဆိုင်ပေါင်း ၉,၅၀၀ နီးပါးရှိကြောင်းနှင့် ၅၅.၈ ရာခိုင်နှုန်းသည် ရောင်းချမှုတစ်ခုစီအတွက် အီလက်ထရွန်းနစ်ပြေစာများ မကြာမီထုတ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါ သည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News