International News

အမေရိကန်နိုင်ငံ၏ အခွန်ကြောင့် ထုတ်လုပ်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်နေရာရယူနိုင် ကြောင်း Amata Corporation က သုံးသပ်ပြောကြားခဲ့ခြင်း

Last Updated:

အမေရိကန်၏ အခွန်ကိုရှောင်ရှားရန် ထုတ်လုပ်သူများအနေဖြင့် ပြန်လည်နေရာရယူနိုင်ကြ သောကြောင့် လာမည့်နှစ်တွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကား၊ စမတ်အီလက်ထရောနစ်၊ အိမ်သုံးပစ္စည်းများနှင့် နည်းပညာမြင့်စက်မှုများတွင်ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ကြောင်း Amata Corp-oration က သုံးသပ်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ၏ တရုတ်နှင့် အခြားသောအမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ် နေသည့် ကုန်သွယ်ရေးမိတ်ဖက်များနှင့် ထရမ့်၏မူဝါဒများအပေါ် သတိထားလျက်ရှိကြောင်း၊ အမေရိကန်သမ္မတအသစ်က တရုတ်သွင်းကုန်များအပေါ်သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံပါက ထိုင်းနိုင်ငံအနေဖြင့် အကျိုးကျေးဇူးရှိနိုင်ကြောင်း၊ ယင်းကြောင့် တရုတ်၊ ထိုင်ဝမ်နှင့် အခြားသောနိုင်ငံများရှိ တရုတ် သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာနိုင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် မလေးရှားတို့၌ စွမ်းအင်ပြတ်တောက်မှုကြုံတွေ့နေချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်သော မက်လုံးများ ပေးသင့်ကြောင်း၊ အချို့သော ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မလေးရှားမှ အင်ဒိုနီးရှားသို့လည်းကောင်း၊ ဗီယက်နမ်မှ ထိုင်းသို့လည်းကောင်း ပြန်လည်ရွှေ့ပြောင်းရန် စီစဉ်နေကြကြောင်း ဥက္ကဋ္ဌ Mr. Vikrom Kromadit က သုံးသပ်ပြောကြားပါသည်။

ယခုနှစ်အတွင်း Amata ၏ စက်မှုဇုန်မြေရောင်းချမှုသည် ၂,၅၀၀ ရိုင်ဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများလာသောကြောင့် ရယောင်းနှင့် ချွန်ပူရိရှိ စက်မှုဇုန်မြေများကို ဝယ်ယူနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း၊ Amata အိမ်ခြံမြေတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများပြီး ကုမ္ပဏီ ၇၃၀ ခုရှိပါကြောင်း၊ ယင်းနောက် တရုတ်ကုမ္ပဏီ ၄၀၀ ခုရှိပြီး ထိုင်ဝမ်၊ စင်ကာပူ၊ အမေရိကန်နှင့် ဥရောပ အသီးသီးရှိပါကြောင်း၊ ပထဝီဝင်နိုင်ငံရေးပဋိပက္ခ၊ ကုန်သွယ်ရေးပဋိပက္ခနှင့် Amata ၏ စက်မှုအိမ်ခြံမြေ ထိုင်းနိုင်ငံတွင်းတိုးချဲ့မှုတို့ကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် အချက်အလက်စင်တာနှင့် Cloud Computing စသည့် နည်းပညာမြင့် စက်မှုများ၏ ရင်းနှီးမြှုပ်နှံမှုဦးတည်ရာနေရာဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်ဖြစ်သော အစိမ်းရောင်စွမ်းအင်ရရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစိုးရသည် နေနှင့်လေစွမ်းအင်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းနှီးမြှုပ်နှံမှုကိုမြှင့် တင်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် ရေစွမ်းအား ၁၀,၀၀၀ မီဂါဝဒ်ထုတ်လုပ်နိုင်ရန်အတွက် လာအိုနှင့် စွမ်းအင်ဝယ်ယူရေးစာချုပ် ချုပ်ဆိုထားပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာသည် ၄၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံဖြစ်ကြောင်း၊ စီမံကိန်းအရေအတွက်သည် ၂,၁၉၅ ခုရှိပြီး ၄၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ Amata သည် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုတို့တွင် စက်မှုဇုန်တည်ထောင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတအသစ်၏ တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံလာပါက တရုတ်နိုင်ငံရှိကုမ္ပဏီများသည် တက်သစ်စစီးပွားရေးများဖြစ်သော အရှေ့တောင်အာရှနိုင်ငံများသို့ထုတ်လုပ်မှု အခြေစိုက်များကို ရွှေ့ပြောင်းလာနိုင်ကြောင်း သုံးသပ်မိပါသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်နှင့် မလေးရှားတို့တွင် စွမ်းအင်ပြတ်တောက်မှုနှင့် ကြုံတွေ့နေရာ ကျန်စီးပွားရေးကောင်းမွန်သော အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်းလာနိုင်သဖြင့် ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရေး မက်လုံးပေး အစီအစဉ်များ ဆောင်ရွက်လာနိုင်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News